နေ့တစ်နေ့ရဲ့ သာမန်လူတစ်ယောက် လှုပ်ရှားမှုမှာ သုံးစွဲလိုက်တဲ့ ကယ်လိုရီကို အခြေခံပြီး တွက်ချက်ထားတဲ့ Diet ဖြစ်ပါတယ်။ သင့်ကို အားမကုန်စေဘဲ ကိုယ်အလေးချိန် ကျဆင်းအောင် ကူညီပေးပါလိမ့်မယ်။

ဒီ Diet ကို အနည်းဆုံး ၃ ရက်နေ အများဆုံး ၂ ပတ်အထိ ကျင့်သုံးသင့်ပါတယ်။ ပထမရက်၊ ဒုတိယရက် နဲ့ တတိယရက် တို့အတွက် စားသောက်ပုံနည်းလမ်းတွေကို ပြောပြထားပြီး တတိယရက်လွန်ရင် ပထမရက်က ညွှန်းဆိုထားတဲ့အတိုင်းပြန်လည် စားသုံးပေးရမှာဖြစ်ပါတယ်။

ဒီ Diet ကို စားသုံးနေချိန်မှာ အရက်မသောက်ပါနဲ့။ ကော်ဖီမှာ သကြားထည့်ပြီးမသောက်ပါနဲ့။ မြေပဲထောပတ်ကိုမကြိုက်ရင် Almond ၊ ပဲပုပ်၊ ဗရုံစေ့တို့ကနေလုပ်တဲ့ ထောပတ်တွေနဲ့ တွဲစားလို့ရပါတယ်။

ပထမနေ့

မနက်စာ

  • Grapefruit ၁ ခြမ်း
  • ကော်ဖီ ၁ခွက်
  • မြေပဲထောပတ် သုတ်ထားတဲ့ ပေါင်မုန့် တစ်ချပ်

နေ့လည်စာ

  • တူနာ ခွက်တစ်ဝက်
  • ပေါင်မုန့် မီးကင်တစ်ချပ်
  • ရေ ဒါမှမဟုတ် Black Coffee

ညစာ

  • ဘယ်အသားမဆို 85 g
  • အစိမ်းရောင်ပဲ ၁ ခွက်
  • ငှက်ပျောသီး ၁ ဝက်
  • ပန်းသီး အသေး ၁လုံး
  • Vanilla ရေခဲမုန့် ၁ ခွက်

ဒုတိယနေ့

မနက်စာ

  • ပေါင်မုန့် မီးကင် ၁ ချပ်
  • ကြက်ဥ ကြော် ၁လုံး
  • ငှက်ပျောသီး တစ်ဝက်

နေ့လည်စာ

  • Cottage ချီစ် တစ်ခွက်
  • ကြက်ဥ ပြုတ် ၁ လုံး
  • Crackers ၄ ချပ်

ညစာ

  • ကြက်/ ဝက် အူချောင်း ၂ ချောင်း
  • ဂေါ်ဖီပန်းပွင့်စိမ်း ၂ခွက်
  • မုန်လာဥနီ ခွက် တစ်ဝက်
  • ငှက်ပျောသီး တစ်ဝက်
  • Vanilla ရေခဲမုန့် ၁ ခွက်

တတိယနေ့

မနက်စာ

  • Crackers ၅ ချပ်
  • Cheddar Cheese ၁ ချပ်
  • ပန်းသီး အသေး ၁လုံး
  • ကော်ဖီ ၁ ခွက်

နေ့လည်စာ

  • ပေါင်မုန့်မီးကင် ၁ ချပ်
  • ကြက်ဥ ပြုတ် ၁ လုံး

ညစာ

  • တူနာ ၁ ခွက်
  • ငှက်ပျောသီး တစ်ဝက်
  • Vanilla ရေခဲမုန့် ၁ ခွက်