လူတစ်ယောက်မှာ အိပ်စက်ချိန်က အရမ်းကိုအရေးကြီးပါတယ်။ ဘယ်လောက်ပဲအလုပ်များများ၊ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေရှိနေပါစေ အိပ်ရေးဝအောင်တော့ အိပ်ရပါမယ်။ ဒီလိုအိပ်စက်ချိန်တွေနည်းတာဟာ တစ်ရက်နှစ်ရက်လောက်ကတော့ ဘာမှမဖြစ်ပေမယ့် ခဏခဏ အိပ်စက်ချိန် နည်းလာရင်တော့ ခံစားရမယ့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက အများကြီးပါ။

အဓိကကတော့ အိပ်စက်ချိန်နည်းလာရင် ဦးနှောက်မှတ်ဉာဏ်တွေကို ထိခိုက်လာနိုင်ပါတယ်။ သတိမေ့တာမျိုးတွေဖြစ်တတ်ပြီး တစ်ခုခုကို လုပ်တဲ့အခါမှာ မှတ်နိုင်စွမ်းတွေကလည်း လျော့ကျလာပါတယ်။ တစ်ခုခုကို သင်ယူတဲ့အခါမှာလည်း သင်ယူနိုင်စွမ်းတွေ လျော့ကျလာနိုင်ပါတယ်။ ဒါကြောင့် အိပ်စက်ချိန်ဟာ လူတစ်ယောက်အတွက် အရမ်းကို အရေးကြီးပါတယ်။

Source: www.thelist.com

အိပ်စက်ချိန်တွေအရမ်းနည်းလာတဲ့အခါမှာ စိတ်ကျရောဂါလည်း အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ တော်တော်များများက ငွေရေးကြေးရေးကြောင့်ပဲ ဖြစ်ဖြစ်၊ အချစ်ရေးကြောင့်ပဲဖြစ်ဖြစ် စိတ်ညစ်စရာတွေရှိလာရင် အိပ်မပျော်တတ်ကြပါဘူး။ အိပ်မပျော်တာကို ကြိုးစားပြီးမအိပ်ပဲ အတွေးနယ်ချဲ့ပြီး အိပ်ရေးပျက်ခံရင် ကြာလာတဲ့အခါမှာ စိတ်ဓာတ်တွေကျ၊ အိပ်ရေးမဝတော့ စိတ်ကျရောဂါအထိဖြစ်လာနိုင်ပါတယ်။

Source: www.hellogiggles.com

နောက်ဆုံးတစ်ခုကတော့ အိပ်စက်ချိန်တွေနည်းလာရင် အိုးမင်းရင့်ရော်လာမှာပါ။ အရွယ်မတိုင်ခင် အရေးအကြောင်းတွေပေါ်လာပြီး အိုမင်းရင့်ရော် လာပါတယ်။ ဒါ့အပြင် ဝက်ခြံတွေလည်း အရမ်းထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်စက်ချိန်မနည်းအောင် အထူးဂရုစိုက်ပေးဖို့ လိုပါတယ်။

Source: www.naturalherblabs.com