လျှာမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ကြည့်ပြီး သင့် ကျန်းမာရေးလိုအပ်ချက်တွေကို သိရှိနိုင်ပါတယ်။ လျှာရဲ့ ပုံစံ နဲ့ ဖြစ်ပေါ်နေတဲ့ အရောင်တွေကို ကြည့်ရှုပြီး သိနိုင်ပါတယ်။
အထူးသဖြင့် မနက်မိုးလင်း သွားမတိုက်ခင်မှာ သင့်လျှာကို ကြည့်သင့်ပါတယ်။ လျှာကို ပုံမှန်အတိုင်း ထုတ်ပြီးတော့ပဲ ကြည့်သင့်ပါတယ်။ အရမ်းကို ဆွဲထုတ်ထားတာမျိုးဆိုရင် အရောင်ပြောင်းတတ်တာကြောင့် သေချာ သိရမှာမဟုတ်ပါဘူး။
လျှာရဲ့ အရောင်များ
- ပန်းနုရောင် သန်းနေတဲ့ လျှာ
ကျန်းမာရေးကောင်းတဲ့ အရောင်ပါဘဲ။
- အနီရောင်
ခန္ဓာကိုယ်မှာ ပိုးဝင်နေတာတို့၊ ယောင်ယမ်းနေတာတို့ ဖြစ်နေပါတယ်။
- အနီရောင် အဖျော့
နှလုံးနဲ့ သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်လာနိုင်။
- အဝါရောင်
လျှာမှာ အဝါရောင်ဖြစ်နေရင် အစာအိမ်နဲ့ အသည်း ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်နေနိုင်။
- ခရမ်းရောင် မျိုးဖြစ်နေရင်
လျှာမှာ ခရမ်းရောင်ဖြစ်နေရင် အသည်းနဲ့ နှလုံးဆိုင်ရာ ပြဿနာတွေ ဖြစ်နေနိုင်။
- အပြာရောင်
လျှာမှာ အပြာရောင်ဖြစ်နေရင် ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်နေနိုင်။
- လျှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေရင်
ဗီတာမင်နဲ့ အာဟာရ ဓာတ်ချို့တဲ့တာကို ဖော်ပြနေပါတယ်။
- အဖြူရောင် ဖြစ်နေရင်
ရေဓာတ်ခမ်းခြောက်တာတွေ၊ မှိုရောဂါနဲ့ တုပ်ကွေးတို့ ဖြစ်နေနိုင်ပါတယ်။
- မီးခိုရောင်ဖြစ်နေရင်
အစာခြေစနစ်နဲ့ပတ်သက်တဲ့ ပြဿနာတွေဖြစ်နေနိုင်ပါတယ်။
လျှာမှာရှိတဲ့ အပေါ်လွှာပုံစံ
လျှာမှာ အဖြူရောင် အလွှာပါးလေး ကတော့ ပုံမှန်ပါဘဲ။ ဒါပေမယ့် အဲ့ဒီ အဖြူရောင် အလွှာပါးလေးက သာမန်ထက် ထူနေရင်တော့ စိုးရိမ်စရာပါဘဲ။
- အဖြူရောင် အလွှာပါးလေးက သာမန်ထက်ထူနေရင်
ခန္ဓာကိုယ်အတွင်း ပိုးဝင်နေတာမျိုး ဖြစ်တတ်ပါတယ်။
- လျှာမှာ အညှိရောင် အလွှာပါးလေးက ဖြစ်နေရင်
အဆုတ်နဲ့ ပတ်သက်တဲ့ ပြဿနာဖြစ်ပေါ်နိုင်ပါတယ်။
- အဝါရောင် အလွှာပါးလေးဖြစ်နေရင်
အစာခြေစနစ်နဲ့ ပတ်သက်တဲ့ ပြဿနာဖြစ်နေနိုင်ပါတယ်။
- မီးခိုရောင် အလွှာပါးလေးဖြစ်နေရင်
အစာအိမ်ရောဂါနဲ့ အရေပြားဆိုင်ရာ ပြဿနာတွေ ဖြစ်နေနိုင်ပါတယ်။
ဒါပေမယ့် အပြင်ပန်း ကြည့်ရုံနဲ့ ဘယ်ရောဂါဖြစ်ကြောင်း အတိအကျ ရာနှုန်းပြည့် မပြောနိုင်ပါဘူး။ လျှာအရောင်က ကိုယ်စားထားတဲ့ အစားအစာ၊ ဘက်တီးရီးယားတွေကြောင့် ပြောင်းလဲနေတတ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးဖြစ်နေတာကြာပြီး စိတ်ထဲမှာ သံသယရှိလာရင်တော့ ဆရာဝန်ဆီ ပြသသင့်ပါတယ်။