ကော်ဖီ

မနက်ခင်းမှာ ဘာမှမစားဘဲ ကော်ဖီချည်းဘဲ အရင်သောက်တတ်သူတွေရှိကြပါတယ်။ ဘာမှမထည့်ထားတဲ့ ကော်ဖီက အစာအိမ်ထဲမှာ အက်ဆစ်ထွက်နှုန်း ကို များစေပြီး အက်ဆစ်တွေ အထက်ဆန်တက်တဲ့ရောဂါ (Heartburn)ဖြစ်နိုင်ပါတယ်။ ကော်ဖီဘဲသောက်ပြီး မနက်စာမစားရင်လည်း Serotonin ဓာတ်ထွက်ရှိမှုနည်းကာ တစ်နေ့လုံး စိတ်ကြည်လင်မှာမဟုတ်ပါဘူး။

ကော်ဖီကို နို့များများနဲ့မနက်စာ မုန့်တွေနဲ့တွဲပြီး စားသောက်ပေးပါ။

အရက်

အစာမရှိဘဲ အရက်ဘဲသောက်တာက အစာရှိရက်နဲ့ အရက်သောက်တာထက် ဆိုးကျိုးကို ၂ ဆပိုပြီး ခံစားရနိုင်ပါတယ်။ အရက်ကြောင့် နှလုံး၊ အဆုတ်နဲ့ ကျောက်ကပ်တွေ ပိုထိနိုင်ပါတယ်။

ဆေးဝါး

Aspirin, Paracetamol၊ ရောင်ရမ်းတာ ကျစေတဲ့ ဆေးတွေနဲ့ တခြားဆေးဝါးတွေကို ဗိုက်ထဲမှာ အစာမရှိဘဲ မသောက်ပါနဲ့။

အစာအိမ် သွေးယိုတာတို့စတဲ့ အစာအိမ်ပြဿနာတွေဖြစ်ပေါ်လာနိုင်ပါတယ်။

ဗိုက်ထဲမှာ အစာမရှိရင် ရေနဲ့မသောက်ဘဲ နွားနို့နဲ့ ဆေးကိုသောက်ရင် ပိုကောင်းပါတယ်။

ပီကေ

ပီကေတွေကို ဝါးနေချိန်မှာ ဗိုက်ထဲမှာ အစာခြေ အက်ဆစ်အရည်တွေထွက်လာတာကြောင့် သင့်အစာအိမ်နံရံကို စားသွားစေပါတယ်။ ပီကေစားတတ်တဲ့သူက အသင့်စားအစားအစာတွေဖြစ်တဲ့ အာလူးကြော်တို့ကို ပိုစားဖြစ်ပါတယ်။

ပီကေမှာပါဝင်တဲ့ အချိုဓာတ်က သကြားရဲ့ အချိုဓာတ်ထက်စာရင် အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် ပီကေကို ၁၀ မိနစ် ပိုပြီး မဝါးသင့်ပါဘူး။

ကောင်းစွာအိပ်ပျော်ချင်ရင်

ဗိုက်ဆာနေရင် ကောင်းကောင်အိပ်မပျော်တဲ့အပြင် ခဏခဏ နိုးနေတတ်ပါတယ်။ ဒါကြောင့် မအိပ်ခင်မှာ နွားနို့နဲ့ ပျားရည် ရောသောက်ပေးပါ။

ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ရင်

ဗိုက်ထဲမှာ အစာမရှိဘဲ လေ့ကျင့်ခန်းလုပ်ရင် အဆီထက် ကြွက်သားတွေ ပိုပြီးလောင်ကျွမ်းသွားတတ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းမလုပ်ခင် နာရီအနည်းငယ်အလိုလောက်မှာ တစ်ခုခု စားပေးထားသင့်ပါတယ်။

ဆွေးနွေးမှု

ဗိုက်ထဲမှာ အစာမရှိရင် စိတ်ကြည်လင်မှုမရှိတာကြောင့် ဆွေးနွေးတဲ့အချိန်မှာ အဆင်ပြေနိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် တစ်ခုခုမစားဖြစ်ရင်တောင် ပူတဲ့ အရည်တစ်ခုခုသောက်ပြီးမှ ဆွေးနွေးမှုတွေပြုလုပ်သင့်ပါတယ်။

ဈေးဝယ်မထွက်ခင် အစာစားထားပါ

ဗိုက်ဆာနေရင် မလိုအပ်တာတွေ ပိုဝယ်မိတာကြောင့် ဈေးဝယ်မထွက်ခင်မှာ အစာအရင်ဆုံး စားထားဖို့လိုပါတယ်။