လူတော်တော်များများ အစားစားပြီးချင်းမှာ ပြုလုပ်လေ့ရှိတဲ့ အလေ့အကျင့်တွေရှိတက်ပါတယ်။ဥပမာ အသီးအနှံတွေ အချိုတည်းတာ ဆေးလိပ်သောက်တာ တစ်ရေးအိပ်တာ စသည်ဖြင့် ပြုလုပ်တက်ကြပါတယ်။ဒါပေမယ့် ဒီလိုအရာတွေက ကိုယ်ရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတာကြောင့် အစားစားပြီးချင်းအချိန်မှာ အခုပြောပြမယ့်အရာတွေကို လုံးဝမပြုလုပ်ဖို့ သတိပေးချင်ပါတယ်။

(၁) ရေခဲရေသောက်ခြင်း

Source : Freepik

ရေဟာအစာခြေစနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခု ဆိုတာမှန်ပေမယ့် အစားစားပြီးချင်းအချိန်မှာတော့ ရေခဲရေ လို ပုံမှန်မဟုတ်တဲ့ ရေမျိုးမသောက်သင့်ပါဘူး။ရေခဲရေဟာ အစာခြေစနစ်ကို အနှောက်ယှက်ပေးနိုင်တာကြောင့် အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်စေနိုင်ပါတယ်။

(၂) အားကစားလုပ်ခြင်း

Source : Metro

အစားစားပြီးချိန်နဲ့ အားကစားလုပ်တဲ့အချိန်ကြားမှာအနည်းဆုံး၂ နာရီလောက်ခြားထားသင့်ပါတယ်။ အစားစားချိန်နဲ့ကပ်ပြီး အားကစားလုပ်မယ်ဆိုရင် အစာမကြေဖြစ်ခြင်း ဗိုက်အောင့်ခြင်း အော့အန်ခြင်း အစာအိမ်ယောင်ခြင်း ပြဿနာတွေဖြစ်လာနိုင်တာကြောင့် အစားစားပြီးချိန်မှာ ပြေးတာ လမ်းလျှောက်တာ ခုန်ပေါက်တာ Gym ကစားတာ စတဲ့အရာတွေကို လုံးဝရှောင်ကျဉ်သင့်ပါတယ်။

 

(၃) ရေချိုးခြင်း

Source : WebMD

အစားစားပြီး ဗိုက်တင်းနေတဲ့အချိန်မျိုးမှာ လုံးဝရှောင်ကျဉ်ရမယ့်အချက်တစ်ခုက ရေချိုးခြင်းဖြစ်ပါတယ်။ ဗိုက်တင်းနေချိန် ရေချိုးလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့အပူချိန်ကိုထိန်းညှိဖို့ သွေးတွေကအရေပြားကို မြန်မြန်ဆန်ဆန်စီးဆင်းရတာကြောင့် အစာခြေဖျက်မှုအပိုင်းမှာ အားလျော့စေပြီး အစာမကျေခြင်းကို ဖြစ်စေမှာဖြစ်ပါတယ်။

(၄) လက်ဖက်ရည်သောက်ခြင်း

Source : newyorkscountry947.radio.com

အစားစားပြီးချိန်မှာ လက်ဖက်ရည်သောက်ခြင်းကလည်း လုံးဝရှောင်ကျဉ်သင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။အစားစားပြီး ချက်ချင်းဆိုသလို လက်ဖက်ရည်သောက်သုံးခြင်းက ခန္ဓာကိုယ်လုပ်ရဲ့ လုပ်ဆောင်ချက်တွေကိုနှေးကွေးစေပြီး အစာချေစနစ်ကိုအနှောက်ယှက်ဖြစ်စေတာကြောင့် အစာမကျေရင်ပြည့်ရင်ကယ်ဖြစ်စေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

(၅) ဆေးလိပ်သောက်ခြင်း

Source : verywellmind.com

ဆေးလိပ်သောက်တက်တဲ့သူတွေအနေနဲ့ ထမင်းစားပြီးချိန် ဆေးလိပ်တစ်လိပ်သောက်လိုက်ရမှ ခံတွင်းချဉ်တာသက်သာပြီး နေသာထိုင်သာ ရှိတယ်လို့ဆိုကြပါတယ်။ဆေးလိပ်က ကျန်းမာရေးကို ထိခိုက်စေတဲ့အရာတစ်ခု ဆိုတာငြင်းဆိုဖွယ်ရာမရှိပါဘူး။ ဒါထက်ပိုပြီး အန္တရာယ်ရှိတာက အစားစားပြီးချင်ဆေးလိပ်သောက်မယ်ဆိုရင် ဆေးလိပ် ၁၀ လိပ်သောက်တာနဲ့ ညီမျှတာကြောင့် ကျန်းမာရေးကိုအဆိုးရွှားဆုံးထိခိုက်စေမှာဖြစ်ပါတယ်။

(၆) အသီးစားခြင်း

Source : forksoverknives.com

အစားစားပြီးအချိုတည်းတဲ့အနေနဲ့ အသီးအနှံ့တွေကို စားသုံးလေ့ရှိကြပါတယ်။တကယ်တော့ အစားစားပြီးချိန်မှာအသီးအနှံစားခြင်းက အစာအိမ်အတွင်း ဂတ်စ်တွေကိုထုတ်ပေးတာကြောင့် လေထိုးလေအောင့်ခြင်းကိုဖြစ်စေနိုင်ပါတယ်။အစားစားပြီးမှ အသီးစားတာထက် အစားအစားမစားခင် အသီးအနှံ့စားသုံးတာကပိုသင့်တော်ပါတယ်။

(၇) အိပ်စက်လှဲလျောင်းခြင်း

Source : Dissolve

အစားစားပြီးချိန်မှာ ဗိုက်လေးတာကြောင့် ခေတ္တအိပ်စက်လှဲလျောင်းတာမျိုးတွေ တစ်ရေးအိပ်တာမျိုးတွေလုပ်တက်ကြပါတယ်။ဒီလိုမျိုးအစားစားပြီး အိပ်စက်လှဲလျောင်းတာဟာ အစာချေစနစ်ကို ကမောက်ကမဖြစ်စေသလို ဝမ်းဗိုက်အဆီပိုတွေစုလာခြင်း ဟောက်ခြင်း ရင်ပူခြင်း ရင်ကယ်ခြင်းများ ဖြစ်စေနိုင်ပါတယ်။