အိပ်ရေးမဝတာဟာ သင့်ခန္ဓာကိုယ်အတွက်ရော အလှပအတွက်ရော ကျန်းမာရေးအတွက်ရော မကောင်းပါဘူး။ အိပ်ရေး၀၀အိပ်ဖို့အရေးကြီးပါတယ်။ ညဖက်မှာ အိပ်မောကျပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ဖို့ ပြုလုပ်ပေးရမယ့် အရာတွေကို မျှဝေပေးချင်ပါတယ်။

အိပ်ခန်းကို ပြင်ဆင်ပါ။

ပညာရှင်တွေက သင့်ရဲ့ အိပ်ခန်းက မှောင်ပြီး အပူချိန် အေးအေးရှိတဲ့ အခန်းတစ်ခုဖြစ်သင့်ပါတယ်။ ဒါမှ အိပ်မောကျစေဖို့ကူညီပေးမှာပါ။ မျက်လုံးပေါ်မှာ အုပ်တဲ့အကာကို အုပ်ပြီးအိပ်ပေးတာကလည်း အိပ်ရေးဝစေဖို့ အထောက်အကူပြုပါတယ်။

ကဖိန်းဓါတ်ကို ကန့်သတ်ပါ။

ညဖက်မှာ ကော်ဖီသောက်တာမျိုးကို ရှောင်ပေးသင့်ပါတယ်။ ကော်ဖီကို မနက်ပိုင်းမှာပဲသောက်ပေးပါ။

လေ့ကျင့်ခန်းလုပ်ပါ။

စိတ်ဖိစီးမှုပြေပျောက်စေဖို့ နေ့လည်ဖက်မှာ လေ့ကျင့်ခန်းပြုလုပ်ပေးသင့်ပါတယ်။ လမ်းလျှောက်တာပဲဖြစ်ဖြစ် ၊ စက်ဘီးစီးတာပဲဖြစ်ဖြစ် ၊ ကြိုးခုန်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။

တမှေးအိပ်တာကို ရှောင်ပါ။

နေ့လည်နေ့ခင်းမှာ တစ်မှေးလောက်အိပ်လိုက်တာမျိုးပဲဖြစ်ဖြစ် ညဖက်အိပ်ခါနီးမှာ တမှေးလောက်အိပ်တာမျိုးပဲဖြစ်ဖြစ် လုပ်တာမျိုးရှောင်ပါ။ ညဖက်မှာ ကောင်းကောင်းအိပ်ပျော်စေဖို့အတွက် မှေးခနဲ့ အိပ်တာမျိုးခဏခဏမလုပ်သင့်ပါဘူး။

အိပ်ယာမဝင်ခင် ဝိုင် နည်းနည်းသောက်မယ်။

သင့်ကိုပိုပြီး အိပ်မောကျစေဖို့ အိပ်ယာမဝင်မှာ ဝိုင်တစ်ခွက် (သု့ိ) ဘီယာတစ်ခွက် (သို့) အရက်နည်းနည်းသောက်ပေးနိုင်ပါတယ်။ အလွန်အကျွံတော့မသောက်ပါနဲ့။

ပုံမှန်အိပ်ယာဝင်ပါ။

ကိုယ့်ရဲ့ အိပ်ချိန်ကို ပုံမှန်လေးဖြစ်အောင် အိပ်ယာဝင်ပါ။ အိပ်ယာမဝင်ခင် နာရီဝက်အလို Tv ကြည့်တာ ဂိမ်းကစားတာမျိုးကို တတ်နိုင်သမျှရှောင်ပါ။ ပုံမှန်လေးအိပ်ယာဝင်ပေးပါ။

နေဒဏ်ခံပါ။

နေ့တိုင်း အိပ်ထဲမှာ ရုံးထဲမှာပဲ အောင်းမနေဘဲ မနက်စောစော နေရောင်နုနုလေးအောက်မှာ လမ်းလျှောက်ပေးပါ။ နေရောင်ချည်မှာ ဗီတာမင် D ဓါတ်ပါဝင်ပြီး စိတ်ဖိစီးမှုကိုသက်သာစေသလို သင့်ကိုလည်း အိပ်ရေးဝစေပါတယ်။

အိပ်ယာမဝင်ခင် အစာစားခြင်းကိုရှောင်ပါ။

အိပ်ယာမဝင်ခင်မှာ အစာစားတာဟာ အစာမကြေတာမျိုး (သို့) လေပွတာမျိုးဖြစ်စေပါတယ်။ အကြော်အလှော်တွေ၊ ဆိုဒါပါတဲ့အချိုရည်တွေ၊ ထမင်းစတဲ့ အစားအစာတွေကို မစားပါနဲ့။ အစာကြေလွယ်စေတဲ့ အသီးအနှံစားပေးနိုင်ပါတယ်။