နောက်ကြောတက်၊ ဇက်ကြောတက်တာဟာ ရုံးတွေမှာ ထိုင်တဲ့ပုံစံ မမှန်တာကြောင့် ဖြစ်တာများပါတယ်။

အထိုင်များတဲ့အပြင်၊ ထိုင်ပုံထိုင်နည်းမမှန်တာကြောင့် ဖြစ်တတ်ပါတယ်။

ဇက်ကြောတက်၊ နောက်ကြောတက်ရင် လူက လေးလံ ညောင်းညာပြီး နေလို့ထိုင်လို့ အဆင်မပြေပါဘူး။

ခြေဗလာနဲ့လမ်းလျှောက်ပါ၊ သက်တောင့်သက်သာ ဖြစ်တဲ့ ဖိနပ်ကို စီးပါ

ခြေထောက်က ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အခြေခံဖြစ်ပါတယ်။ ဇက်တက်၊ နောက်ကြောတက်နေရင် ခြေဗလာနဲ့လမ်းလျှောက်ပေးပါ။

ဒေါက်မြင့်ဖိနပ်တွေ အစား ခြေထောက်ကို သက်တောင့်သက်သာဖြစ်စေမယ့် ဖိနပ်ကို ရွေးချယ်ပါ။

ကယ်လ်ဆီယမ်ပါတဲ့ အစားအစာတွေစားပါ

ကယ်လ်ဆီယမ်က အရိုးတွေကို တည်ဆောက်ရာမှာ အရေးအကြီးဆုံးပါဘဲ။ အသက်အရွယ်ကြီးလာတာနဲ့အမျှ၊ အရိုးတွေက ပိုပြီး ကျိုးကြေလွယ်ပါတယ်။ အရိုးတွေအားနည်းလာရင် ထိုင်တဲ့ပုံစံ အမှန်ရဖို့ ခက်ပါတယ်။ ဒါ့ကြောင့် ကယ်လ်ဆီယမ်ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ချိစ်၊ အခွံမာအသီး၊ ပဲတွေနဲ့ နို့ထွက်ပစ္စည်းတွေစားပါ။

ဗီတာမင် D

ဗီတာမင် D က အရိုးကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဗီတာမင် D က ကယ်လ်ဆီယမ်ဓာတ်ကို ခန္ဓာကိုယ်က ပိုစုပ်ယူနိုင်အောင်ကူညီပေးပါတယ်။

ဗီတာမင် D ကို နေရောင်နဲ့ အစားအစာတွေကနေ ရရှိပါတယ်။

ကိုယ်ဟန် အနေအထေားကို ပြောင်းပါ

တစ်ချိန်တည်းမှာပဲ၊ တစ်နေရာတည်းမှာပဲ နာရီပေါင်းများစွာထိုင်နေရင် ကြွက်သားတွေ ပင်ပန်းညောင်းညာပြီး ဇက်ကြောတက်၊ နောက်ကြောတက်တွေဖြစ်လာပါတယ်။

ဒါ့ကြောင့် ခဏတဖြုတ် မတ်တပ်ရပ်တာမျိုး၊ လမ်းလျှောက်တာမျိုး၊ အကြောလျော့တာမျိုး လုပ်သင့်ပါတယ်။

အရမ်း အလုပ်များနေရင် Alarm ပေးထားပြီး မိနစ် ၃၀ တစ်ခါလောက် လုပ်ပေးပါ။