ထမင်းစားပြီးတဲ့အခါတိုင်း အမှုမဲ့ အမှတ်မဲ့ ပြုလုပ်တတ်ကြပါတယ်။ အန္တရာယ်ရှိလှတယ် မဟုတ်ပေမယ့်လည်း တစ်ခါတစ်လေ ကျန်းမာရေးကိုပါ ထိခိုက်စေတာမို့ ဆင်ခြင်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ အိပ်ခြင်း။

https://myhealthmyanmar.com/wp-content/uploads/2019/03/sleeping-woman.jpg

ထမင်းစားပြီးချက်ချင်းအိပ်မိရင်တော့ တစ်ညလုံး ရင်ပူစေပြီး တစ်ခါတစ်လေမှာ လေပွခြင်းမျိုးဖြစ်တတ်ပါတယ်။ မှတ်တမ်းတစ်ခုအရ စားချိန်နဲ့ အိပ်ချိန် ကွာခြားချက်ရှိသူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေနည်းပါးတယ်လို့ သိရပါတယ်။ အကောင်းဆုံးကတော့ အစာစားပြီး ၃နာရီခြားပြီးမှ အိပ်ပါ။

၂။ဆေးလိပ်သောက်ခြင်း။

Related image

ဆေးလိပ်သောက်ခြင်းက ဘယ်တော့မှ ကောင်းကျိုးမပေးသလို ထမင်းစားပြီးတဲ့အခါသောက်မိရင် ပိုတောင်ဆိုးရွားစေပါတယ်။ ဆေးလိပ်ထဲပါဝင်တဲ့ နီကိုတင်းဟာ အစာခြေရာမှာ အရေးပါတဲ့ အောက်ဆီဂျင်နဲ့ ပေါင်းစပ်သွားတာကြောင့် ပုံမှန်ထက်ပိုလွန်တဲ့ ကာစီနိုဂျင်ဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူရပါတယ်။ လေ့လာတွေ့ရှိချက်အရ အစာစားပြီး ဆေးလိပ်သောက်ခြင်းက ဆေးလိပ် ၁၀လိပ်ကို တစ်ထိုင်တည်းသောက်တာနဲ့ ညီမျှတဲ့အပြင် အူမကြီးကင်ဆာနဲ့ အဆုပ်ကင်ဆာကိုဖြစ်စေပါတယ်။

၃။ရေချိုးခြင်း။

Related image

ရေချိုးတဲ့အခါမှာ ခန္ဓာကိုယ်က သွေးစီးကြောင်းကို လက်၊ခြေထောက်နဲ့ ခန္ဓာကိုယ်ထိရောက်အောင် မြင့်တက်သွားတာကြောင့် အစာအိမ်ဘက် သွေးစီးကြောင့်နှုန်းလျော့နည်းသွားပါတယ်။ အဲ့ဒီ့အခါ အစာအိမ်ကို အားနည်းစေတာကြောင့် အစာစားပြီးရေချိုးတဲ့အခါ ဗိုက်နာခြင်းကိုဖြစ်စေပါတယ်။

၄။သစ်သီးစားခြင်း။

သစ်သီးဝလံကို ဘယ်ချိန်စားစား ကျန်းမာရေးအတွက်သင့်တော်တယ်လို ထင်မိကြမှာပါ။ ဒါပေမယ့် အမှန်ကတော့ အစာမရှိတဲ့အချိန်စားခြင်းက ပိုပြီးကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သစ်သီးတွေကို အစာခြေဖို့ Enzyme မျိုးစုံလိုအပ်တဲ့အပြင် သစ်သီးဝလံထဲပါဝင်တဲ့ သကြားဓာတ်နဲ့ အခြားအာဟာရဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူဖို့ အချိန်ပိုလိုအပ်ပါတယ်။

အစာမရှိတဲ့အခါ အဟာရဓာတ်၊ အမျှင်ဓာတ်နဲ့ အချိုဓာတ်တွေကို ခန္ဓာကိုယ်ကထိထိရောက်ရောက်ရရှိမှာဖြစ်ပြီး အစာစားပြီးတဲ့အခါ စားမိရင်တော့ အစာမခြေနိုင်ပဲ အူလမ်းကြောင်းမှာ အချိန်အကြာကြီးဖြစ်ပြီး ပုပ်သွားနိုင်တာကြောင့် အစာမကြေခြင်း၊ ရင်ပူခြင်း၊ လေချဉ်တက်ခြင်းတို့ဖြစ်လာနိုင်ပါတယ်။

၅။လက်ဖက်ရည်သောက်ခြင်း။

Image result for drinking tea

အစာစားပြီး လက်ဖက်ရည်သောက်တဲ့အခါ သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ လက်ဖက်ရည်ထဲပါဝင်တဲ့ Tannic အက်စစ်က အစားအစာထဲမှာရှိတဲ့ ပရိုတင်းဓာတ်၊သံဓာတ် တို့နဲ့ပေါင်းစပ်သွားတာကြောင့် ခန္ဓာကိုယ်က အစာခြေရာမှာရရှိမယ့် အကျိုးကျေးဇူးတွေကို ဖျက်ဆီးလိုက်ပါတယ်။ အဲ့ဒီ့အခါ သံဓာတ်စုပ်ယူမှု ၈၇ရာခိုင်နှုန်းထိကျဆင်းသွားပါတော့တယ်။

သံဓာတ်ချို့တဲ့လျှင် သွေးအားနည်းရောဂါဖြစ်စေတာကြောင့် ပင်ပန်းခြင်း၊ အားနည်းခြင်း၊ အသားအရောင်ဖျော့တော့ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခေါင်းမူးခြင်း၊ ခြေဖျားလက်ဖျား အေးစက်ခြင်း၊ လက်သည်းကျိုးပဲ့လွယ်ခြင်း နဲ့ခံတွင်းပျက်ခြင်းကိုဖြစ်စေပါတယ်။

အခုဆိုရင် အစာစားပြီး ဒီလိုအချက်တွေကို ရှောင်ရှားခြင်းအားဖြင့် ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ကြရပါစေ။