အသက် ၃၀ ပြည့်ပြီးလား။ မပြည့်သေးဘူးလား။ ပြည့်ပြည့် မပြည့်ပြည့် ဒါလေးတွေကို လိုက်နာပေးမယ်ဆိုရင် သင့်ဘဝရဲ့ အနာဂတ်မှာ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ရရှိပိုင်ဆိုင်လာမှာပါ။ ကျန်းမာခြင်းရဲ့ တန်ဖိုးကို ဖျားနာတဲ့သူတွေမှ နားလည်ကြသလို သန်မာခြင်း၊ စိတ်သွားတိုင်းကိုယ်ပါခြင်းဆိုတဲ့အဓိပ္ပာယ်ကိုလည်း အသက်ကြီးမှ အပြည့်အ၀ နားလည်ကြပါတယ်။ အနာဂတ်ကျန်းမာရေးအတွက် အခုကတည်းက ဒါလေးတွေ လိုက်လုပ်ထားရအောင်ပါ။ ပထမပိုင်းမှာ အချက် (၉)ချက်လောက် မျှဝေထားပြီးပါပြီနော်။ အခု နံပါတ် ၁၀ကိုမပြောပြခင်မှာ အရင်ကအချက်တွေကို ပြန်ပြီးနည်းနည်းလောက်မျှဝေပေးပါမယ်။

၁။ ဆေးလိပ်ဖြတ်လိုက်ပါ။

၂။ သရေစာတွေ ရှောင်လိုက်ရအောင်။

၃။ မိသားစု ဆက်ဆံရေးကို ထိန်းသိမ်းရအောင်။

၄။ Suncreen လိမ်းပေးပါ။

၅။ လေ့ကျင့်ခန်းပုံမှန်လုပ်ကြမယ်။

၆။ ပိုက်ဆံစုပါ။

၇။ ပျော်ရွှင်တတ်ပါစေ။ (ပျော်ရွှင်တတ်အောင်သင်ယူပါ)

၈။ ပန်းတိုင်အတွက် ဘာလို့ အချိန်ဆွဲနေမှာလဲ။

၉။ အိပ်လိုက်စမ်းပါ။ (အိပ်ရေး၀၀အိပ်လိုက်ပါ။

၁၀။ သွားကိုဂရုစိုက်ပါ။

သွားကျန်းမာရေးကို သေချာဂရုစိုက်ပါနော်။ ညအိပ်ယာမဝင်ခင် သွားတိုက်ဖို့ လုံးဝမမေ့ပါနဲ့။

၁၁။ အမှတ်တရတွေကို ဖန်တီးလိုက်ပါ။

သင့်ဘဝမှာ မှတ်မှတ်ရရဖြစ်စေမယ့် အရာတွေကို ဖန်တီးလိုက်စမ်းပါ။ ခရီးတွေသွားပါ။ ကမ္ဘာကြီးကို မြင့်မြင့်ကနေ ကြည့်ရအောင်။

၁၂။ ကောင်းတဲ့အရာတွေကိုလုပ်ရအောင်။

ကမ္ဘာကြီးအတွက် သစ်ပင်စိုက်တာ၊ ပရဟိတလုပ်ငန်းတွေမှာပါဝင်တာ စတဲ့ ကိုယ့်ကြောင့် ကမ္ဘာကြီးကို ပိုမိုသာယာအောင်လုပ်လိုက်ပါ။

၁၃။ စာဖတ်ပါ။

စာဖတ်လိုက်ရအောင်နော်။သင့်ဘဝမှာ လေ့လာသင်ယူစရာတွေအများကြီးပါ။ စာများများဖတ်ပြီး အနာဂတ်ကို ပုံဖော်ထုဆစ်လိုက်ရအောင်။

၁၄။ ခရီးသွားပါ။

သွားပါ။ ကိုယ်မရောက်ဖူးတဲ့နေရာတွေကို သွားလိုက်ပါ။ အမှတ်တရတွေကိ ုဖန်တီးလိုက်ပါ။

၁၅။ ကိုယ့်ကိုကိုယ် နားလည်ပါစေ။

ကိုယ့်ကိုကိုယ် ဘာမှန်းမသိရင်၊ ကိုယ့်အနေအထားကို ကိုယ်လက်မခံနိုင်ရင် သင်ဘယ်တော့မှ ပျော်ရွှင်ရမှာမဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်နားလည်ပါ။

၁၆။ အမှတ်တရ စာလေးတွေရေးလိုက်ရအောင်။

ကိုယ့်ဘဝအတွက် အမှတ်ရစရာအတွေ့အကြုံလေးတွေကို ဒိုင်ယာရီထဲမှာ ရေမှတ်လိုက်ရအောင်။ တစ်ချိန်ချိန်မှာ သင့်ကို ပြုံးပျော်စေတဲ့အရာပါပဲ။ ကိုယ့်ရဲ့ ဓာတ်ပုံလေးတွေကိုလည်း အယ်လ်ဘမ်လေးနဲ့ သိမ်းထားလိုက်ရအောင်ပါ။

၁၇။ အိမ်ဝယ်လိုက်ပါ။

အသက် ၅၀ မပြည့်ခင် အိမ်တစ်လုံးလောက် အပိုင်ဝယ်လိုက်ပါ။ သင့်ဘဝရဲ့ အသက် ၅၀ နောက်ပိုင်းကို အေးအေးချမ်းချမ်း အမှီအခိုကင်းကင်းနေလိုက်ပါ။

၁၈။မိတ်ဆွေသူငယ်ချင်းတွေကို ဂရုစိုက်ပါ။

ကိုယ်အနားမှာ အမြဲတမ်းရှိနေမယ့် မိတ်ဆွေ သူငယ်ချင်းတွေကို ဂရုစိုက်လိုက်ပါ။ သင့်အတွက် အကောင်းဆုံးသူငယ်ချင်းတွေကို ပြန်ကောင်းလိုက်ပါ။ သူတို့နဲ့အတူတူရယ်ပါ။ အတူတူ မျှဝေခံစားပါ။