မင်္ဂလာပါနော်။ သင့်ခန္ဓာကိုယ်ကျန်းမာဖို့ ဇီဝဖြစ်စဉ်မြင့်တက်နေဖို့လိုပါတယ်။ ဇီဝဖြစ်စဉ် ကောင်းမွန်နေမှ သင့်ကို ကျန်းမာစေမှာဖြစ်ပြီး သင့်ရဲ့ ကိုယ်အလေးချိန်လည်း မျှတမှာဖြစ်သလို၊ အသားအရေလည်း နုပျိုလာမှာဖြစ်ပါတယ်။

ဇီဝဖြစ်စဉ်ကောင်းဖို့ဆိုရင် မနက်ခင်မှာ လေ့ကျင့်ခန်းလုပ်ကြတယ်၊ ပြီးတော့ အစာ အာဟာရ မျှတအောင် စားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီအစားအစာတွေကိုလည်း ထည့်သွင်းစားပေးဖို့လိုပေးပါတယ်။

၁။ သံပယိုရည် (သို့) သံပရာရည်ကို ရေနွေးနဲ့ရောသောက်မယ်

Credit: AllRecipes

အစာချေစနစ်ကောင်းမွန်ဖို့နဲ့ ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှားပေးဖို့ သံပရာသီး (သို့) သံပယိုသီးကို အရည်ညှစ်ပြီး ရေနွေးနဲ့ ဖျော်သောက်ပေးလိုက်ပါ။ သကြားမထည့်ပါနဲပ။ ပျားရည်နည်းနည်းထည့်နိုင်ပါတယ်။

၂။ အလေး ၁၀ မိနစ်လောက်မမယ်

Credit: LifeHacker

အလးတုံး သေးသေးလေးကို (၁၀) မိနစ်လောက် မပေးပါ။မနက်ခင်းမှာ အဲလိုလုပ်ပေးတာဟာ သင့်ရဲ့ ကယ်လိုရီကို ပိုပြီးလောင်ကျွမ်းစေပါတယ်။

၃။ ကြက်ဥစားမယ်

Credit: Healthline

မနက်ခင်းမှာ ကြက်ဥပြုတ်ကို ထည့်ပြီးစားပါ။ ကြက်ဥစားတဲ့အခါမှာ ကြက်ဥအနှစ်ကိုပါထည့်စားပေးပါ။ ကြက်ဥမှာ ပရိုတင်းဓာတ်၊ ဗီတာမင် B2ဓာတ်ပါဝင်ပြီး ကိုလက်စထရောကို ကျစေပါတယ်။

၄။ ပန်းသီးနဲ့ သစ်တော်သီးစားမယ်

မနက်ခင်းမှာ ပန်းသီးနဲ့သစ်တော်သီးလိုမျိုး အသီးအနှံကို စားပေးပါ။ အသီးအနှံတွေဟာ သင့်ကို ကျန်းမာပြီး ကယ်လိုရီပါဝင်မှုနည်းပါတယ်။