သိပ္ပံနည်းကျ စမ်းသပ်ပြီး တွေ့ရှိခဲ့တဲ့ နေ့တိုင်း ငါးကြီးဆီ စားခြင်းရဲ့ အကျိုးကျေးဇူးကို ဝေမျှချင်ပါတယ်။

နှလုံး ကျန်းမာရေးကို တိုးတက်စေ

heart-health

ငါးကြီးဆီမှာ Omega-3 Fatty Acids ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို တိုးတက်စေပါတယ်။ နှလုံး ခုန်နှုန်းမမှန်ခြင်းနဲ့ ရုတ်တရပ် နှလုံးရပ်တန့်ခြင်း နဲ့ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။

မှတ်ဉာဏ်ကို အားကောင်းစေ

ငါးကြီးဆီမှာ Omega-3 Fatty အက်ဆစ်ပါဝင်တာကြောင့် မှတ်ဉာဏ်ကို ပိုအားကောင်းစေပါတယ်။ Omega -3 Fatty အက်ဆစ်က ဆဲလ်တွေရဲ့ နံရံတွေနဲ့ ပုံစံကို တည်ဆောက်ပေးပါတယ်။ အာရုံကြောဆဲလ်တွေကလည်း သူတို့ရဲ့လုပ်ဆောင်ချက်တွေအတွက် ဒီအက်ဆစ်ဓာတ်တွေ လိုအပ်ပါတယ်။ ငါးကြီဆီက အသက်အရွယ်ကြီးမြင့်မှုကြောင့် မှတ်ဉာဏ်အားနည်းလာမှုကို ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန် လျော့ကျစေ

ငါးကြီးဆီက လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ကိုယ်အလေးချိန်လျော့ကျစေပါတယ်။ ငါးကြီးဆီစားတာများရင် ဗိုက်ဆာတာသက်သာစေပြီး ကိုယ်အလေးချိန်ကို သိသိသာသာ လျော့ကျစေပါတယ်။

စိတ်ခံစားချက်ကို ကောင်းစေ

improve-your-mood-increase-brain-power.1280x600

Serotonin ဓာတ်က စိတ်ခံစားချက်ကို ကောင်းစေပါတယ်။ ငါးကြီးဆီစားတာများရင် Serotonin ဓာတ်ထုတ်လုပ်မှုကို တိုးမြင့်စေပြီး ဦးနှောက်ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

လေထုညစ်ညမ်းမှုကြောင့် ဖြစ်တတ်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို လျော့ကျစေ

လေထုညစ်ညမ်းမှုက ခန္ဓာကိုယ်ရဲ့ အင်္ဂါတွေနဲ့ စနစ်တွေကို ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ ငါးကြီးဆီက လေထုညစ်ညမ်းမှုကြောင့် ခန္ဓာကိုယ်ကို ဆိုးကျိုးသက်ရောက်မှုကို ၃၀ ကနေ ၅၀ ရာခိုင်နှုန်းကြား လျော့ချပေးနိုင်ပါတယ်။

သင့်အမြင်အာရုံကို ကာကွယ်ပေး

images

ငါးကြီးဆီကိုနေ့စဉ် စားသုံးရင် မျက်သားခြောက်တာကို လျော့ချပေးနိုင်ပြီး မျက်လုံးမှာ တိမ်ဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ Omega-3 Fatty အက်ဆစ်က မျက်လုံးရဲ့အစိုပြန်မှုကို ထိန်းသိမ်းထားနိုင်သလို မျက်ရည်တွေ ထုတ်လုပ်ရာမှာလည်း ထောက်ပံ့ပေးပါတယ်။

အသားအရေကို လှပစေ

vitamin-e-for-your-skin-feature

Omega-3 Fatty အက်ဆစ်က အသားအရေမှာရှိတဲ့ ပျက်စီးနေတဲ့ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး အရေပြား ယားယံတာတွေကိုလည်း လှပစေပါတယ်။

စိတ်ဓာတ်ကျမှု လျော့ချနိုင်

http---prod.static9.net.au-_-media-Network-Images-2017-01-31-11-21-170131coach_depression

Omega-3 Fatty အက်ဆစ်က စိတ်ဓာတ်ကျမှုကို လျော့ချရာမှာလည်း အသုံးဝင်ပါတယ်။ စိတ်ပျော်ရွှင်မှုကိုဖြစ်စေတဲ့ Serotonin ဓာတ်ထုတ်လုပ်မှုအားကောင်းအောင်လည်း Omega-3 က လုပ်ဆောင်ပေးနိုင်ပါတယ်။