တခါတလေ Shoe ဖိနပ်တွေ မတော်တော့တာမျိုး၊ လက်စွပ်တွေမတော်တော့ တာမျိုးဖြစ်ဖူးပါသလား။ ခန္ဓာကိုယ်ထဲမှာ အရည်တွေစုပြုံလာပြီး ခန္ဓာကိုယ် ရောင်ရမ်းမှုကြောင့် ဖြစ်လာရတာပါ။ ခန္ဓာကိုယ် ရောင်ရမ်းရတဲ့ အကြောင်းအရင်းကို ဝေမျှချင်ပါတယ်။

ဆား

တစ်နေ့ကို ဆား 5 g လောက်သာ စားသုံးသင့်ပါတယ်။ ဆား စားသုံးမှုများနေရင် ခန္ဓာကိုယ်ထဲမှာ ရေတွေစုပြုံလာပြီး ရောင်ရမ်းမှုတွေဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဆားစားသုံးတာကို ထိန်းချုပ်သင့်ပါတယ်။ ဆားအစား တခြား ဟင်းခတ်အမွှေးအကြိုင်တွေကို အစားထိုး သုံးစွဲသင့်ပါတယ်။

အလက်ဂျစ်

ခန္ဓာကိုယ်ရောင်ရမ်းတာဟာ အလက်ဂျစ်နဲ့ အနီရောင်အစက်တွေနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။

ကုတ်နဲ့ မျက်နှာမှာ ဖောယောင်နေရင် ကြာလာရင် စိုးရိမ်ရတဲ့ ကျန်းမာရေး ပြဿနာတွေ ရှိနေနိုင်တာကြောင့် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။

ဟော်မှုန်း ပြောင်းလဲခြင်း

ဟော်မှုန်း ပြောင်းလဲမှုတွေကြောင့် ခန္ဓာကိုယ်ထဲမှာ အရည်ဓာတ်တွေစုပြုံလာပြီး ဖောရောင်တာတွေဖြစ်တတ်ပါတယ်။ ဗိုက်တွေပူလာမယ်၊ ခြေထောက်တွေ ရောင်လာမယ် ဒါမှမဟုတ် ကိုယ်အလေးချိန် တွေ တက်လာရင် သတိထားသင့်ပါတယ်။

ကိုယ်စားနေကျ အစားအစာတွေကို ပြောင်းလဲလိုက်ပါ။ ပရိုတင်းဓာတ်ပါတဲ့ အစားအစာတွေများများစားသုံးပြီး အချို၊ အစပ်နဲ့အငန် အစားအစာတွေကို လျော့ချပါ။ အဲ့ဒီအပြင် ဆရာဝန်နဲ့ သွားရောက်ပြသပါ။

ကျောက်ကပ် ရောဂါ

မနက်အိပ်ရာထရင် မျက်နှာတွေ ဖောရောင်နေရင် သတိထားသင့်ပါတယ်။ ကျောက်ကပ်မှာ ပြဿနာရှိနေရင် အိပ်ယာနိုးနိုးချင်း မျက်နှာဖောရောင်တာ၊ ကျောအောက်ဘက်ပိုင်း နာကျင်တာနဲ့ ဆီးအရောင်ပြောင်းတာတို့ဖြစ်တတ်ပါတယ်။

အဲ့လို ခံစားနေရရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

နှလုံးရောဂါ

ခြေထောက်တွေ ရောင်နေမယ်၊ ရင်ဘတ်တွေအောင့်နေရင် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါဖြစ်နိုင်ပါတယ်။ မောပန်းနွမ်းနယ်နေမယ်၊ ရင်ဘတ်တွေအောင့်နေရင် နှလုံးရောဂါနဲ့ပတ်သက်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဆေးဝါးတွေကြောင့်

ကိုယ်သောက်သုံးနေတဲ့ ဆေးဝါးတွေကြောင့်လည်း ရောင်ရမ်းနေတာမျိုးဖြစ်တတ်ပါတယ်။ ဥပမာ ကလေးမရအောင် သောက်နေရတဲ့ birth control pills၊ အဖျားပျောက်တဲ့ ဆေးဝါး၊ အနာသက်သာစေတဲ့ ဆေးဝါးတွေ စတာတွေကလည်း ခန္ဓာကိုယ်ရောင်ရမ်းတာကို ဖြစ်စေပါတယ်။

သောက်နေတဲ့ ဆေးဝါးတွေကြောင့် ရောင်ရမ်းရင် ဆရာဝန်နဲ့တိုင်ပင်ပါ။

ရေဓာတ်ခမ်းခြောက်ခြင်း

ရေဓာတ်ခမ်းခြောက်တဲ့ ပထမဆုံး အဆင့်က ခန္ဓာကိုယ်ရောင်ရမ်းလာတာပါ။ ခြေကျင်းဝတ်၊ လက်ဆစ်၊ ဝမ်းဗိုက်တွေ ရောင်ရမ်းလာပါမယ်။

ဒါ့ကြောင့် တစ်နေ့ကို ရေ ၁.၂ လီတာလောက် သောက်သုံးသင့်ပါတယ်။ ကော်ဖီ၊ အရက်နဲ့ တခြား ဂက်စ်ပါတဲ့ အချိုရည်များကို ရှောင်ကြဉ်ပါ။

တခါတလေ ခန္ဓာကိုယ်ရောင်ရမ်းတာက ရာသီဥတု ပူတာကြောင့် နဲ့ ဖိနပ်ကျပ်ကျပ်တွေစီးတာကြောင့်၊ အရည်များတဲ့ အစားအစာနဲ့ ငန်တဲ့ အစားအစာတွေစားသုံးရင်လည်း ဖြစ်တတ်ပါတယ်။