အကယ်လို့ သင်တစ်နေ့ကို ၈ နာရီကျော်လောက်ထိုင်ပါက သင့်ကိုအသက် ၈ နှစ်လောက်ပိုပြီးရုပ်ရင့်စေပါတယ်။ အထီးကျန်ခြင်းနဲ့ သူငယ်ချင်း အပေါင်းအသင်းမရှိခြင်းတို့ကလည်း လျှင်မြန်စွာအိုမင်းခြင်းနဲ့အခြားကျန်းမာရေးပြဿနာများဖြစ်စေနိုင်ပါတယ်။ ကျွန်မတို့ရဲ့ ပုံပန်းသဏ္ဍာန်ကို သက်ရောက်နိုင်တဲ့ အချို့အရာများက တခါမှမစဉ်းစားဖူးခဲ့တဲ့အရာများပင် ဖြစ်နေပါတယ်။

အခုလိုစောစောစီးစီးအိုမင်းခြင်းကိုဖြစ်စေနိုင်တဲ့အရာအချို့ကိုပြောပြပေးချင်တာဖြစ်ပြီး သင်လည်းဒီကနေ့ကစတင်ပြီးကာကွယ်နိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်။

၁။တနေ့ကို ၈နာရီထက်မကထိုင်ခြင်း

တစ်နေ့တာတွင်အချိန်အများစုကထိုင်ပြီး လေ့ကျင့်ခန်းမလုပ်သောသူများသည် ရှိရင်းစွဲအသက်ထက် ၈ နှစ်လောက်ပိုပြီးကြီးတဲ့အရွယ်လို ဖြစ်စေပါတယ်။ သုတေသီများက ဒီအကြောင်းအရာကို အမျိုးသမီး ၁၅၀၀ကို DNAစစ်ဆေးမှုနဲ့ဆက်စပ်ပြီး ဖော်ထုတ်ခဲ့ရာ မှန်ကန်ကြောင်းသက်သသေပြခဲ့ပါတယ်။ ကြာရှည်ထိုင်ခြင်းက ခရိုမိုဆုန်းများ၏အရှည်ကိုတိုစေနိုင်တာဖြစ်တယ်။

ခရိုမိုဆုန်းအတိုများက အချို့သောရောဂါများကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့် သုတေသီများကတစ်နေ့လျှင်အနည်းဆုံးမိနစ် ၃၀ လေ့ကျင့်ခန်းလုပ်ရန်နဲ့ မိနစ် ၃၀ ထိုင်ပြီးတိုင်းမှာ ခဏအနားယူပေးပါ။


၂။လေးလံတဲ့နားဆွဲ

Source;Pinkvilla

လေးတဲ့နားဆွဲများက နူးညံ့တဲ့နားကိုပိုပြီးလေးလံစေပါတယ်။ နားပေါက်ကိုတောင် ရွဲကျခြင်းနဲ့ ကွဲထွက်ခြင်းတို့ကိုဖြစ်စေပါတယ်။၊ သင့်အသားအရေကို ခရမ်အမြဲမလိမ်းရင် နားရွက်ရဲ့ elasticity ကိုဆုံးရှုံးစေတယ်။ ၎င်းက အိုမင်းခြင်းရဲ့အရေးမပါသောအချက်တစ်ချက်လို့ထင်ရသော်လည်း ကျွန်မတို့ရဲ့နားများက ကိုယ်ခန္ဓာရဲ့မြင်နိုင်သော အစိတ်အပိုင်းဖြစ်ပါတယ်။ သင်၏နားအသားအရေက ခြောက်ကပ်ပြီး တွဲကျနေရင်သူ့ကိုပြန်လည်တင်းရင်းကောင်းမွန်စေဖို့အတွက် နှစ်နဲ့ချီပြီး ပြန်ဂရုစိုက်ရမှာဖြစ်တယ်။

၃။အသားပဲစားခြင်း

ဒါကအသားကိုလုံးဝမစားဖို့အတွက် ပြောနေတာတော့မဟုတ်ပေမယ့် သင်စားသုံးတဲ့ပမာဏကိုချင့်ချိန်ဖို့အတွက်ဖြစ်တယ်။ လေ့လာမှုတစ်ခုအရ အနီရောင်အသား အလွန်အကျွံ စားခြင်းနဲ့ သစ်သီး၊ဟင်းသီးဟင်းရွက်များနည်းနည်းစားခြင်းကလူရဲ့သက်တမ်းကို ပိုရှည်စေနိုင်တယ်လို့ပြသခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအစာမျိုးက သွေးထဲမှာ သွေးရည်ကြည်ဖော့စဖိတ်လို့ခေါ်တဲ့ဒြပ်ပေါင်းတစ်မျိုးကိုတိုးစေလို့ပါ။ ဒါ့အပြင်၎င်းကနာတာရှည်ကျောက်ကပ်ရောဂါဖြစ်ပေါ်စေနိုင်ပါတယ်။ ဆိုးကျိုးများကို ရှောင်ရှားရန် အကောင်းဆုံးနည်းလမ်းကတော့ သင်ရဲ့အစားအစာကိုညီမျှစေရန်နဲ့ တခြားအစားအစာများ၊ အထူးသဖြင့်သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်များကို စားသုံးပေးရန် လိုအပ်ပါတယ်။

၄။ရေကိုဗူးဖြင့်သောက်ခြင်း

ဒေါက်တာ Mitchell Chasin က ရေကို ပုလင်းနဲ့သောက်ခြင်းကဲ့သို့သော နေ့စဉ်အလေ့အထက သင်ရဲ့နှုတ်ခမ်းများတွင် အလွန်နက်ရှိုင်းသော အရေးအကြောင်းများကို ဖြစ်ပေါ်စေနိုင်တယ်လို့ပြောကြားခဲ့တယ်။ ဒါကဇီဝဗေဒအိုမင်းခြင်းနဲ့ဘာမှမဆိုင်ပါဘူးဆိုပေမယ့်လည်း ဒီအရေးအကြောင်းတွေကြောင့်သင့်ကိုအသက်ပိုကြီးလာစေနိုင်ပါတယ်။

၅။Gymကပြန်လာရင်ရေမချိုးခြင်း

သင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ကိုယ်အလေးချိန်ကျဖို့ အကူအညီမဖြစ်တဲ့ လေ့ကျင့်ခန်း နဲ့ ထိရောက်တဲ့လေ့ကျင့်ခန်း

တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ပြောတာမဟုတ်ပေမယ့် ချွေးထွက်ခြင်းက သင့်အရေပြားကိုပျက်စီးစေရုံမက ၎င်းကအိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ မနက်ခင်း နဲ့အိပ်ရာမ၀င်ခင်မှာ သင်ရေချိုးသလို အားကစားခန်းမကပြန်လာပြီးရင်လည်း ရေမချိုးချင်ရင်တောင်မှ အနည်းဆုံး မျက်နှာ ၊ ခြေလက်တွေကို ဆေးကြောပေးသင့်ပါတယ်။