မနက်စာမစားတဲ့အလေ့အထဟာ ယနေ့ခေတ်လူအများစုပြုလုပ်မိနေတဲ့ အမှားကြီးတစ်ခုလိုဆိုရပါမယ်။ မနက်ပိုင်းမှာ ရုံးတွေ ကျောင်းတွေကြောင့် အချိန်မရလို့မစားဖြစ်တာအိပ်ယာထနောက်ကျတာစသည်ဖြင့်အကြောင်းပြချက်အမျိုးမျိုးနဲ့ မနက်စာ မစားဖြစ်ကြတာများပါတယ်။ တကယ်တော့ တစ်နေ့တာကိုအားအင်အပြည့်နဲ့ကျန်းမာစွာဖြတ်သန်းနိုင်ဖို့ အာဟာရရှိတဲ့မနက်စာတစ်ခုစားသုံးပေးရမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ လူအများစုလုပ်မိနေတဲ့ မနက်စာမစားခြင်းကြောင့် ခန္ဓာကိုယ်အပေါ်သက်ရောက်နိုင်တဲ့ဆိုးကျိုးတွေအကြောင်းပြောပြပေးချင်ပါတယ်။

(၁) ဆီးချိုရောဂါဖြစ်နိုင်ခြေများတယ်

Source : Shutterstock

ဟားဗက်တက္ကသိုလ်ရဲ့ လေ့လာမှုစစ်တမ်းတွေအရ မနက်စာပုံမှန်းမစားဖြစ်တဲ့သူတွေဟာ သာမာန်လူတွေထက် ဆီးချိုရောဂါ ၂ မျိုးဖြစ်ပွားနိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများတယ်လို့ဆိုပါတယ်။ မနက်စာမစားတဲ့အခါ ခန္ဓာကိုယ်သွေးတွင်းသကြားဓာတ်ကို ကမောက်ကမဖြစ်စေပြီး သကြားဓာတ် ပါဝင်တဲ့အစားအစာတွေကို အများကြီးစားသုံးမိတက်ပါတယ်။ ထိုအခါခန္ဓကိုယ်ထဲက အင်ဆူလင်ခုခံနိုင်စွမ်းကို ကျဆင်းစေပြီး ဆီးချိုရောဂါ ဖြစ်ပွာနိုင်ခြေပိုများလာဖြစ်ပါတယ်။

(၂) အဝလွန်ခြင်းကိုစေနိုင်တယ်

Source : Shutterstock

ဝိတ်ကျဖို့အစားလျော့စားရမယ်ဆိုတာမှန်ပေမယ့် မနက်စာရှောင်ခြင်းကတော့ သင့်ကိုပိုပြီးဝိတ်တက်လာစေမှာဖြစ်ပါတယ်။ မနက်မစားပဲနေမယ်ဆိုရင် ခန္ဓာကိုယ်သွေးတွင်းသကြားဓာတ်ကလျော့နည်းနေပြီး ဆာလောင်မှုပိုဖြစ်စေကာ နေ့လည် ဘက်မှာ အစားတွေပိုစားမိစေမှာဖြစ်ပါတယ်။ ဒီအချက်က သင့်ကိုဝိတ်တက်စေမယ့်အဓိကအကြောင်းအရင်းတစ်ခုဖြစ်တာကြောင့် အဝလွန်ရောဂါကာကွယ်ဖို့ မနက်စာပုံမှန်စားသုံးပေးဖို့ လိုအပ်ပါတယ်။

(၃) ဦးနှောက်စွမ်းရည်ကျဆင်းစေတယ်

Source : Shutterstock

ဦးနှောက်ဟာခန္ဓာကိုယ်တစ်ခုလုံးအလုပ်လုပ်ရဆုံးအပိုင်းတစ်ခုဖြစ်ပြီး ညဘက်မှာတောင်ခန္ဓာကိုယ်ကအိပ်စက်နေပေမယ့် ဦးနှောက်က အလုပ်လုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့်ဦး နှောက်အတွက်လိုအပ်တဲ့ အစာအဟာရဓာတ်ကို ပုံမှန်ဖြည့်တင်းပေးဖို့က အရမ်းကိုအရေကြီးပါတယ်။ အကယ်၍မနက်စာ မစားဘူးဆိုရင်သွေးတွင်းသကြားဓာတ်နည်းနေပြီး ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းကလည်းလျော့ကျလာမှာဖြစ်သလို မှတ်ဉာဏ် စွမ်းရည်ကိုလည်းထိခိုက်စေမှာဖြစ်ပါတယ်။

(၄) ခန္ဓာကိုယ်ရဲ့စွမ်းအားတွေကျဆင်းစေတယ်

Source : Shutterstock

တစ်နေ့လုံးလန်းဆန်းတက်ကြွစွာဖြတ်သန်းနိုင်ဖို့ အဟာရရှိတဲ့ မနက်စာစားသုံးပေးဖို့လိုအပ်ပါတယ်။ တစ်ညတာလုံးအိပ်စက်ထားတဲ့အတွက် ခန္ဓာကိုယ်မှာ အစာအဟာရဓာတ်ပြန်လည်ဖြည့်တင်းဖို့လိုနေတာဖြစ်ပြီး မနက်စာစားခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ လိုအပ်နေတဲ့ Energy တွေကို ပြန်လည် ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ တစ်နေ့တာလုံးအင်အားကုန်ခမ်းပင်ပန်းနွယ်းနယ်စေပြီး စိတ်ဖိစီးမှုပမာဏကိုလည်း မြင့်တက်စေမှာ ဖြစ်ပါတယ်။

Reference Source : https://www.rd.com/health/wellness/skipping-breakfast/?fbclid=IwAR1v6uyBs_V5HWI7A8ykEim-9SrAp-OoGuZjJs2vMZB7UN5BmuzLIrocgqM