ငယ်စဉ်တုန်းကဆိုရင် လူကြီးတွေက အိပ်ပါအိပ်ပါဆိုပြီး အိပ်ခိုင်းရင်တောင်မှ ပတ်ပြေးနေကြတဲ့ကျွန်တော်တို့ဟာ အခုလူကြီးတွေဖြစ်လာတဲ့ အရွယ်မှာတော့ အကြာကြီးအိပ်ရရင်တောင် အိပ်ရေးမဝသလိုခံစားနေကြရပါတယ်။

ဒါပေမယ့်လည်း အရွယ်ရလာတာနဲ့အမျှ စိတ်ဖိစီးမှုအမျိုးမျိုး ကြုံတွေ့လာရတာကြောင့် အိပ်ရေးဘယ်လိုမှမဝနိုင်ကြတော့ပါဘူး။ ဒါပေမယ့်လည်း ဒီလိုပြဿနာမျိုးတွေက နည်းလမ်းသိရင် ဖြေရှင်းလို့ရပါတယ်။

အိမ်မှာတံခါးတွေအလုံပိတ်ပြီး အိပ်တာထက် နေ့ခင်းနေ့လည် အပြင်လေးထွက်ပြီး လေတဟူးဟူးတိုက်နေချိန်မှာ အိပ်ပေးခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုတာ အခုပဲဖော်ပြပေးချင်ပါတယ်။

၁။ သဘာဝအလင်းရောင်နဲ့ ထိတွေ့ခြင်း

သဘာဝကပေးစွမ်းတဲ့ နေရောင်ခြည်အောက်မှာ အိပ်စက်ခြင်းက ခန္ဓာကိုယ်ရဲ့နာရီနဲ့ နှုန်းထားကို ပြန်လည်ချိန်ဆနိုင်မှာဖြစ်ပါတယ်။ ညဖက်တွေမှာ ဘယ်လိုမှ အိပ်မရတဲ့အခြေအနေဆိုးကြီးကနေ လွတ်မြောက်ချင်တယ်ဆိုရင်တော့ စက်ပစ္စည်းတွေဝေးရာဖြစ်တဲ့ ခြံဝန်းလေးထဲထွက်ကာ နေ့ခင်းနေ့လည်တွေမှာ တစ်ရေးတစ်မောအိပ်လိုက်ပါ။

၂။ ကိုယ်ခံအားပမာဏမြင့်တက်စေခြင်း

သစ်ပင်တွေစုဝေးနေတဲ့နေရာမှာ အနည်းဆုံး ၂ နာရီလောက် အချိန်ကုန်ဆုံးပေးခြင်းက သွေးပေါင်ချိန်ကို လျော့ကျစေနိုင်သလို သွေးဖြူဆဲလ်ပမာဏကိုလည်း မြင့်တက်စေပါတယ်။

၃။ ဦးနှောက်ပိုမိုကောင်းမွန်စွာအလုပ်လုပ်နိုင်ခြင်း

ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာဆိုရင် ပုံမှန်အလုပ်လုပ်ရန်အတွက် အောက်ဆီဂျင်အမြောက်အမြားလိုသလို ကြွက်သားတွေလည်း ထိုနည်းတူပါပဲ။ ဒါကြောင့် ပိုမိုသန့်ရှင်းကောင်းမွန်တဲ့ အောက်ဆီဂျင်တွေကို ရှုရှိုက်မယ်ဆိုပါက ကျွန်တော်တို့ခန္ဓာကိုယ်အတွက် ပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။

၄။ စိတ်ဖိစီးမှုပမာဏလျော့ကျစေခြင်း

လူတိုင်းလူတိုင်းမှာတော့ စိတ်ဖိစီးမှုကိုယ်စီရှိကြစမြဲပါပဲ။ ဒီလိုစိတ်ဖိစီးမှုတွေကို လျော့ချနိုင်ဖို့ဟာ စိတ်နဲ့ဆက်စပ်နေတာကြောင့် သဘာဝပတ်ဝန်းကျင်ကို လေ့လာရင်းနဲ့ လေကောင်းလေသန့်တွေကို ရှုရှိုက်ပေးခြင်းဟာ ကျန်းမာရေးအတွက်လည်းကောင်းစေသလို စိတ်ကိုလည်းတည်ငြိမ်စေပါတယ်။

Source: BrightSide

Featured Image Source: medicalnewstoday.com