ရှေးခေတ်ကတည်းက အစားအသောက်အနေနဲ့တစ်မျိုး ဆေးဝါးအနေနဲ့တစ်ဖုံ အသုံးပြုလာခဲ့တဲ့ သခွားသီးတွေဟာဆိုရင် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ပြီး ခန္ဓာကိုယ်ကို သဘာဝအတိုင်း အေးမြစေပါတယ်။

ဒါ့အပြင် ရေဓာတ်ပါဝင်မှုနှုန်း အင်မတန်များပြားတဲ့ သခွားသီးကို တစ်နေ့တစ်လုံးမှန်မှန်စားသုံးပေးမယ်ဆိုရင် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။

မြန်မြန်ဆန်ဆန် ဝိတ်ကျစေခြင်း

သခွားသီးတွေမှာပါဝင်တဲ့ ရေဓာတ်မြင့်မားမှုဟာဆိုရင် မြန်မြန်ဆန်ဆန် ပြည့်အင့်မှုကိုဖြစ်ပေါ်စေတာကြောင့် အစားအသောက်သုံးစွဲမှုကို ကန့်သတ်လိုက်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဆီတွေမပါဝင်ဘဲ ကယ်လိုရီအင်မတန်နည်းပါးတဲ့ အသီးအနှံဖြစ်တာကြောင့် ကိုယ်အလေးချိန်လျော့ချလိုသူများအတွက်တော့ အကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲ။

ကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေခြင်း

Fisetin လို့ ခေါ်တွင်တဲ့ Flavonoid ဟာဆိုရင် Anti-oxidant တွေနဲ့ Anti-inflammatory တို့ပါဝင်ရုံသာမက ကင်ဆာဖြစ်နိုင်ခြေကို လျော့ချနိုင်စွမ်းနဲ့လည်း ဆက်စပ်နေတာကြောင့် အမြဲစားသုံးပေးပါ။

အစာခြေဖျက်အားကောင်းလာခြင်း

သခွားသီးတွေမှာပါဝင်တဲ့ ဗီတာမင်ဓာတ်တွေဟာဆိုရင် အစာခြေစနစ်လည်ပတ်မှုကို အထောက်အပံ့ဖြစ်စေတာကြောင့် သခွားသီးကို နေ့စဉ်မှန်မှန်စားသုံးမယ်ဆိုပါက အူသိမ်အူမတွေ အလုပ်လုပ်နိုင်စွမ်းကို တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။

ရေဓာတ်ပိုမိုဖြည့်တင်းပေးခြင်း

သခွားသီးရဲ့ ၉၅ ရာခိုင်နှုန်းဟာ ရေဓာတ်တွေဖြစ်တာကြောင့် မှန်မှန်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်းက ရေဓာတ်ပမာဏကို တိုးမြှင့်နိုင်ကာ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။ အကယ်လို့ သင်က ရေမှန်မှန်သောက်သုံးဖို့ မေ့လေ့ရှိသူဆိုရင်တော့ သခွားသီးကို တစ်နေ့တစ်လုံးစားပေးခြင်းဖြင့် အကျင့်ကောင်းကို မွေးမြူနိုင်ပါတယ်။

အသားအရေနုပျိုစိုပြေကာ ဝင်းလက်တောက်ပလာခြင်း

သခွားသီးတွေဟာ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးခြင်းသာမက တစ်ဆက်တည်းမှာပဲ အသားအရေအတွက်လည်း အကျိုးထူးတွေ ဖြစ်စေပါသေးတယ်။ ဒါကြောင့် မိန်းကလေး၊ ယောကျာ်းလေး ဘယ်သူဖြစ်ဖြစ် အသားအရေလှပချင်ပါက သခွားသီးမှန်မှန်စားသုံးပါ။

Source: BrightSide