Fast Food တွေကိုဆိုရင် ကလေးတွေရော၊ လူကြီးတွေရော တော်တော်များများ ကြိုက်နှစ်သက်ကြတာကို တွေ့ရပါတယ်။ အခုနောက်ပိုင်းမှာဆိုရင်လည်း Fast Food တွေရနိုင်တဲ့ ဆိုင်တွေလည်းများလာတော့ ခဏခဏဆိုသလိုစားဖြစ်လာကြပြီလေ။ Fast Food တွေကစားလို့ကောင်းတယ်ဆိုပေမယ့်လည်း မကြာခဏဆိုသလိုမျိုး စားနေမယ်ဆိုရင်တော့ ကျန်းမာရေးတွေကို တဖြည်းဖြည်းနဲ့ ထိခိုက်လာနိုင်ပါတယ်နော်။

Fast Food တွေမှာ ကယ်လိုရီတွေများစွာပါဝင်နေတာကိတော့ အားလုံးကသတိထားမိပြီးသားပါ။ ဒီကယ်လိုရီတွေက ခန္ဓာကိုယ်ထဲမှာစုလာပြီး တဖြည်းဖြည်းနဲ့ဝိတ်တက်လာစေနိုင်ပါတယ်။ ခန္ဓာကိုယ်လှဖို့ ဝိတ်လျော့နေတဲ့သူတွေကတော့ Fast Food တွေနဲ့လုံးဝကိုအဆင်မပြေတာပါ။

အငံဓာတ်အရမ်းပါလွန်းတဲ့ Fast Food တွေဆိုရင်လည်း ကြာလာရင်နှလုံးကိုပါထိခိုက်လာနိုင်တဲ့အထိ ဆိုးရွားစေပါတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ဆိုဒီယမ်ဓာတ်တွေအရမ်းများသွားလွန်းရင် သွေးဖိအားကိုမြင့်တက်လာစေပြီး နှလုံးကျန်းမာရေးကို တဖြည်းဖြည်းနဲ့ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

Fast Food တွေဆိုတာက အရသာရှိပြီးစားလို့သာကောင်းတာ အာဟာရပြည့်ဝဖို့တော့ လုံးဝကိုမဖြစ်နိုင်တဲ့အရာလို့ပြောရမှာပါပဲ။ ဗိုက်ကိုသာပြည့်သွားစေမယ် ခန္ဓာကိုယ်အတွက်အကျိုးဖြစ်စေမယ့် အာဟာရဓာတ်တွေ မရနိုင်တာကြောင့် များများစားလို့အချိန်ကြာလာရင် ကျန်းမာရေးကိုလည်းတဖြည်းဖြည်း ထိခိုက်လာစေနိုင်ပါတယ်။

နောက်ပိုင်းအချိန်ကြာလာတဲ့အခါမှာတော့ Fast Food တွေစားပြီးသွားတဲ့အချိန်တိုင်းမှာ ခေါင်းကိုက်တာတွေကို ခံစားရမှာပဲဖြစ်ပါတယ်။ ဒါတွေက ကောင်းတဲ့အချက်မဟုတ်ဘူးဆိုတာကို သတိထားမိလိမ့်မယ်လို့ထင်ပါတယ်။ Fast Food တွေကိုလူတိုင်းက ခံတွင်းတွေ့ပြီး ကြိုက်နှစ်သက်ကြတယ်ဆိုပေမယ့်လည်း ဆိုးကျိုးတွေက အချိန်ကြာလာမှပြလာတာဆိုတော့ အရမ်းကိုကြောက်စရာကောင်းပါတယ်နော်။

ကျန်းမာရေးလိုက်စားပြီး ပျော်စရာကောင်းတဲ့ဘဝမျိုးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ တစ်ခါတစ်လေဆိုတဲ့စကားအတိုင်းပဲ အမြဲတမ်းလိုလို Fast Food စားတာများနေတာမျိုးတွေကို ဆင်ခြင်ဖို့တိုက်တွန်းချင်ပါတယ်။

Photo Source: Unsplash