အသားအရေ ခြောက်သွေ့နေလို့ ဒါမှမဟုတ် အဆီပြန်နေလို့ စိတ်ညစ်နေလား။ ဒါဆိုရင်တော့ အသားအရေ ကျန်းမာစိုပြေစေဖို့ နေ့တိုင်းလုပ်ပေးသင့်တဲ့ အရာတွေကို မျှဝေပေးချင်ပါတယ်။

မိတ်ကပ်ကိုသေချာဖျက်ပါ။

အဓိကအရေးကြီးဆုံးအချက်ကတော့ မျက်နှာပေါ်က မိတ်ကပ်တွေကို သေချာဖျက်ပေးဖို့လိုပါတယ်။ အချိန်ယူပြီးသေချာဖျက်ပေးပါ။ မိတ်ကပ်ကို သေချာမဖျက်ဘဲအိပ်မယ်ဆိုရင်တော့ အဆီတွေပြန်ပြီး ချွေးပေါက်ပိတ်လို့ ဝက်ခြံတွေ ပိုဖြစ်စေပါတယ်။

ကိုယ်နဲ့တည့်တဲ့ ကုန်ပစ္စည်းတွေကို မှန်မှန်ကန်ကန် ရွေးချယ်ပါ။

ဈေးကြီးတဲ့ Branded တွေတိုင်း ကိုယ့်အသားအရေနဲ့ တည့်တာ အဆင်ပြေတာမျိုးမဟုတ်ပါဘူး။ လူတကာနဲ့ အဆင်ပြေတိုင်းလည်း ကိုယ့်အသားအရေနဲ့ အဆင်ပြေချင်မှပြေတာပါ။ ကိုယ်နဲ့ အဆင်ပြေတဲ့ အလှကုန်ပစ္စည်းတွေကို မှန်မှန်ကန်ကန်ရွေးချယ်ပါ။

သံပုရာရည်နဲ့ ရေဓါတ်ဖြည့်တင်းပါ။

အသားအရေလှဖို့ ရေများများသောက်ရမယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ဗီတာမင်C ပါဝင်မှုများတဲ့ သံပုရာသီးကို ရေထဲမှာ နည်းနည်း ညှစ်ထည့်ပြီး သောက်ပေးမယ်ဆိုရင် အသားအရေအတွက် ပိုကောင်းပါတယ်။

အရက်မသောက်ပါနဲ့။

အရက်မသောက်ပါနဲ့။ ဒါပေမယ့် တစ်ပတ်ကို ၁ နေ့ကိုဘီယာ ၁ ခွက်သောက်ပေးရင်တော့ အသားအရေအတွက်ကောင်းပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေစားပေးပါ။

အလှအပအတွက်အထောက်အပံ့ဖြစ်စေဖို့ ကျန်းမာရေးနဲ့ညီညွှတ်ပြီးအသားအရေလှစေတဲ့ အစားအစာတွေ များများစားပေးပါ။

ဆေးလိပ်မသောက်ပါနဲ့။

ဆေးလိပ်သောက်တာဟာ အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။

ညဖက်အိပ်ရေးဝအောင်အိပ်ပါ။

အကောင်းဆုံးကတော့ ညဖက် အိပ်ရေး၀၀ အိပ်ဖို့ပါပဲ။ အိပ်ရေးမဝတာဟာ မျက်ကွင်းညိုစေပြီး အသားအရေကို ခြောက်သွေ့ ညစ်ညမ်းစေပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

နေရောင်ချည်ထိတွေ့ပေးပါ။

နေရောင်ချည်ထဲမှာ ဗီတာမင် D များစွာပါဝင်နေလို့ အသားအရေ အလှအပအတွက် နေရောင်ချည်ထိတွေ့ပေးဖို့လိုပါတယ်။ ဒါပေမယ့် မနက်ခင်းစောစော နေချည်နုနုကသာ အသာအရေအတွက် ကောင်းမွန်တာကို သတိပြုပါ။ နေ့လည်နေ့ခင်း နေပူထဲထွက်မယ်ဆိုရင် ဦးထုပ်ဆောင်းတာ မျက်မှန်တပ်တာမျိုးလုပ်ပေးပါ။ ပြီးတော့ နေရောင်ကာကွယ်တဲ့ ခရင်မ်တွေ လိမ်းပေးပါ။

လေ့ကျင့်ခန်းလုပ်ပါ။

ခန္တာကိုယ်အတွက်ရော အသားအရေ အလှအတွက်ရော လေ့ကျင့်ခန်းလုပ်ပေးတာဟာ အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်းဆိုလို့ ပြင်းပြင်းထန်ထန်လုပ်စရာမလိုပါဘူး။ တစ်နေ့ကို နာရီဝက် ၄၅ မိနစ်လောက် လမ်းလျှောက်ပေးပါ။

လမ်းလျှောက်ပေးတာဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး အသားအရေစိုပြေစေဖို့ အောက်စီဂျင်တွေ အဟာရဓါတ်တွေ ပိုပိုပြီးထုတ်ပေးပါတယ်။