My Health Myanmar ပရိတ်သတ်ကြီးတွေထဲမှာရော အရမ်းပင်ပန်းပြီး ဘာမှ အာရုံစိုက်မရတဲ့ အခြေအနေတွေ ကြုံဖူးပါသလား။ မေ့တတ်တာတွေက ရံဖန်ရံဖန် ဖြစ်နေပါသလား။

ဒါတွေက သင် မနက်အိပ်ယာထပြီး ဘာမှမစားဘဲ အလုပ်သွားပြီး အလုပ်မှာစိတ်ဖိစီးမှုတွေများပြီး နေ့လည်လောက်ကျမှ အစာစားတဲ့ ဆိုးကျိုးတွေကြောင့် ဆိုတာ သင်သိပါသလား?

တခါတလေ သင်အမှတ်မထင် လုပ်လိုက်မိတတ်တဲ့ သင် နေ့စဉ် လုပ်ဆောင်နေတဲ့ အမူအကျင့်တွေက သင့်ဦးနှောက်ကို ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ရှိစေပါတယ်။ ဘယ်လိုအရာတွေက သင့်ဦးနှောက်ကို ထိခိုက်စေသလဲဆိုတာ မျှဝေပေးချင်ပါတယ်။

မနက်စာ မစားခြင်း

မနက်စာက တစ်နေ့လုံးမှာ အရေးကြီးဆုံးပါဘဲ။ သင့်ရဲ့ လုပ်ဆောင်မှုတွေ၊ ခံနိုင်ရည်ရှိမှုတွေ နဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေမှာ လွှမ်းမိုးမှုရှိပါတယ်။

နေ့တစ်နေ့ရဲ့ ပထမဆုံး နာရီအနည်းငယ်မှာ ဦးနှောက်က အစာအဟာရတချို့ကို စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေအတွက် ခွဲဝေပေးပါတယ်။

ဒါ့ကြောင့် အဲ့ဒီအချိန်မှာ လုံလောက်တဲ့ အာဟာရပါဝင်တဲ့ မနက်စာမစားထားဘူးဆိုရင် စိတ်ကြည်ကြည်လင်လင်ရရှိမှာ မဟုတ်ပါဘူး။

မနက်စာမစားရင် အားအင်ကုန်ခမ်းခြင်း၊ အာရုံစူးစိုက်မှု နည်းခြင်း၊ မှတ်ဉာဏ်ထိခိုက်ခြင်း၊ စိတ်ညစ်၊ဒေါသထွက်ခြင်း နဲ့ ဉာဏ်ရည်ရဲ့ လုပ်ဆောင်မှုတွေပါ ထိခိုက်စေပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တဲ့ အကျင့်က ဦးနှောက်ကို ဖျက်ဆီးအနိုင်ဆုံး အကျင့်ပါဘဲ။ အယ်ဇိုင်းမားလို မှတ်ဉာဏ်ထိခိုက်နိုင်တဲ့ ရောဂါတွေပိုဖြစ်ပွားနိုင်ပါတယ်။

ဆေးလိပ်သောက်သုံးရာမှာထွက်ရှိလာတဲ့ Heterocyclic Amines ဓာတ်က DNA ထုတ်လုပ်မှုမှာ အနှောင့်အယှက်ပေးသလို ကင်ဆာဆဲလ်တွေကိုလည်း ပိုပြီး ဖြစ်စေပါတယ်။

သကြား အလွန်အကျွံမစားပါနဲ့

သကြား အလွန်အကျွံစားသုံးရင် ခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့ ဓာတ်တွေ စုပြုံလာတတ်ပါတယ်။ ဒါတွေက ဦးနှောက်ထဲမှာ အကျိတ်တွေပိုဖြစ်စေနိုင်ပြီး ကိုယ်ခံအားစနစ်ကိုလည်း ထိခိုက်စေပါတယ်။

ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးကြီးထွားမှုကိုလည်း အနှောင့်အယှက်ပေးပါတယ်။

အိပ်ချိန် မလုံလောက်ခြင်း

ဦးနှောက်အနားယူနိုင်ဖို့နဲ့ ဇီဝကမ္မဖြစ်စဉ်တွေ အတွက် တစ်နေ့ကို အနည်းဆုံး အိပ်ချိန် ၈ နာရီလိုအပ်ပါတယ်။ အိပ်နေချိန်မှာ ခန္ဓာကိုယ်က ဆဲလ်တွေကို ပြန်လည် ပြုပြင်ပေးပါတယ်။

အိပ်ချိန်မလုံလောက်တာများရင် ဦးနှောက်ဆဲလ်တွေ သေဆုံးစေနိုင်သလို အလွယ်တကူပင်ပန်းနိုင်ကာ တစ်နေ့လုံး စိတ်အခြေအနေ ကောင်းတော့မှာ မဟုတ်ပါဘူး။

Source; Brightside