အသည်းကျန်းမာရေးဟာ ကျွန်မတို့လူသားတွေအတွက် သိပ်ကိုအရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ အသည်းဟာ ခန္ဓာကိုယ်အတွင် ဓါတုပစ္စည်းပါဝင်မှုကို ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် အညစ်အကြေးတွေကိုလည်း စွန့်ထုတ်ပေးပါတယ်။ သွေးတွင်းအက်ဆစ်ပါဝင်မှုကို ထိန်းချုပ်ပေးသလို သွေးခဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အသည်းမှာ တခြားလုပ်ဆောင်ချက်တွေလည်း အများအပြားရှိပါတယ်။ ဒါ့ကြောင့် အသည်းကျန်းမာရေးဟာ သိပ်ကိုအရေးကြီးပါတယ်။

ဘယ်အချိန်မှာ အသည်းကို သန့်စင်ပေးသင့်လဲ။

သင်စားတဲ့အစားအစာတိုင်းမှာ အသည်းကိုရော ခန္ဓာကိုယ်တစ်ခုလုံးကိုပါ ကျန်းမာစေတဲ့အစားအစာတွေ ထည့်သွင်းစားသုံးပေးပါ။ အသည်းသန့်စင်ပေးရမယ့်အချိန်ကတော့ အဆီပါဝင်မှုများတဲ့ အစားအစာစားပြီးတဲ့အခါ မအီမသာဖြစ်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အာပုပ်ဆော်နံခြင်း၊ လျှာပေါ်မှာ အဖြူရောင်အဖတ်တွေဖြစ်ခြင်း စတဲ့လက္ခဏာတွေဖြစ်လာတဲ့အခါ အခုအောက်မှာဖော်ပြတဲ့ အစားအစာတွေစားပေးပါ။

၁။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ အသည်းကိုသန့်စင်ပေးပြီး အသည်းကို ကျန်းမာသန်စွမ်းစေပါတယ်။ ကြက်သွန်ဖြူမှာ Selenium, Arginine, ဗီတာမင် B6, C ပါဝင်လို့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ Amino အက်ဆစ်ပါဝင်လို့ သွေးကြောလေးတွေကို သန့်စင်ပေးသလို သွေးဖိအားကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ ဗီတာမင် B6 ပါဝင်လို့လည်း ရောင်ရမ်းမှုကို သက်သာစေပါတယ်။

၂။ ဂရိတ်ဖရု

ဂရိတ်ဖရုဟာ Citrus အသီးအုပ်စုဝင်ဖြစ်ပါတယ်။ ဗီတာမင် C ပါဝင်မှုမြင့်မားလို့ အသည်းကို သန့်စင်ပေးပါတယ်။ သကြားမထည့်ဘဲ အသီးကိုစားပေးပါ။ ဒါမှမဟုတ် သကြားနည်းနည်းပဲထည့်ပြီး ဖျော်ရည်လုပ်ပြီးသောက်ပေးပါ။

၃။ အသီးအရွက်များ

spinach-web

Spinach အရွက်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ပန်းဂေါ်ဖီစတာတွေအပြင် အသီးအရွက်ကို စားပေးတာဟာ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းကိုကျန်းမာစေပါတယ်။

၄။ ထောပတ်သီး

ထောပတ်သီးမှာ Glutathione ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အသည်းကို သန့်စင်ပေးပါတယ်။ ဗီတာမင် C ၊ ဗီတာမင် K နဲ့ E စတာတွေပါဝင်လို့ လည်းအသည်းကို ကာကွယ်ပေးပြီးရောင်ရမ်းမှုကို သက်သာစေပါတယ်။

၅။ သစ်ချသီး

Nueces

သစ်ချသီးမှာ Omega 3 Fatty Acid နဲ့ Glytathione ပါဝင်လို့ အသည်းကို သန့်စင်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အသည်းဆီဖုံးတာကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့်လည်း တစ်နေ့ကို သစ်ချသီး ၅ လုံးထက်ပိုမစားသင့်ပါဘူး။ ကယ်လိုရီပါဝင်မှုများလို့ပါ။

၆။ နနွင်း

နနွင်းကို မြန်မာတို့ရဲ့ အိမ်တိုင်းမှာတွေ့ရလေ့ရှိပါတယ်။ အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး အသည်းကိုကျန်းမာစေပါတယ်။ ဟင်းချက်ရာမှာ နနွင်းကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင် အသည်းကို ကျန်းမာစေမှာဖြစ်ပါတယ်။

အနည်းဆုံး ၆ လကို ၁ ခါ အသည်းကိုသန့်စင်ပေးသင့်ပါတယ်။