အသင့်စား အစားအစာတွေမှာ ဓာတုပစ္စည်းတွေနဲ့ တခြား အန္တရာယ်ရှိတာတွေလည်း ပါဝင်နိုင်တဲ့အပြင် စားနေကျ အစားအစာတွေမှာလည်း အန္တရာယ်တစ်ချို့ရှိပါတယ်။ ဒါကြောင့် စားသုံးတဲ့အခါမှာ သတိထားပြီး စားသုံးသင့်ပါတယ်။

တူနာ ငါး သေတ္တာ

Tuna Can

တူနာ ငါးသေတ္တာမျိုး ငါးသေတ္တာတွေမှာ မာကျုရီတွေပါဝင်တတ်ပါတယ်။ ဒီလို မာကျုရီဓာတ်တွေ ကျောက်ကပ်နဲ့ ဦးနှောက်ကို ပျက်စီးစေတတ်ပါတယ်။ ဒါကြောင့် နိုင်ငံတွေက အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှု ဌာနာ FDA တို့က ငါးသေတ္တာတွေကို ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ရှောင်ကြဉ်ခိုင်းထားပါတယ်။

Almonds စေ့

Almonds စေ့တွေက ကလေးတွေအတွက် အန္တရာယ်ရှိတတ်ပါတယ်။ သူ့မှာ Hydrogen Cyanide ဓာတ်တွေအများကြီးပါဝင်တာကြောင့် အများကြီးစားရင် လူကြီးတွေအတွက်လည်း အန္တရာယ်ရှိနိုင်ပါတယ်။

တစ်နေ့ကို အများဆုံး ၅ ခုကနေ ၁၀ ခုသာ စားပါ။

အာလူး

အာလူးရဲ့ အခွံနဲ့ အာလူးအပင်ပေါက်လေးတွေမှာ Glycoalkaloids ပါဝင်တာကြောင့် စားမိလို့ မတည့်ရင် ဝမ်းလျှော၊ ကိုမာနဲ့ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။