ကိုယ်အလေးချိန် တက်ဖို့ အခွင့်အလမ်းပိုများတဲ့ အလုပ် ၁၀ မျိုးအကြောင်းကို ပြောပြချင်ပါတယ်။

ဆရာ၊ဆရာမ အလုပ်ကိုလုပ်ကိုင်နေသူ 

ဆရာ၊ဆရာမ ဆိုတာကို ကြားလိုက်တာနဲ့ စားပွဲမှာ ထိုင်ပြီး စာစစ်ပြီး အလုပ်ရှုပ်နေတဲ့ပုံ၊ ထိုင်ပြီး စာသင်နေတဲ့ ပုံတွေကို မြင်မိမှာပါ။ အလုပ်ရဲ့ သဘောသဘာဝအရကို ထိုင်ခုံမှာထိုင်ရတဲ့အချိန်က ပိုများတာကြောင့် ကိုယ်အလေးချိန်တက်စေပါတယ်။

ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ

14068910-old-1130731_960_720-1491988424-650-3d26d6aeb1-1492717628

ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ ဥပမာအားဖြင့် တိုးရစ်ဂိုက်တို့၊ Travel Blogger၊ Travel Planner တို့အလုပ်တွေက ကိုယ်အလေးချိန်ကို တက်စေပါတယ်။

ဧည့်သည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရတာတွေ၊ ဧည့်သည်တွေအတွက်အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးရတာတွေက စိတ်ဖိစီးမှုများပါတယ်။ အသစ်အဆန်းနေရာတွေကို ခေါ်သွား၊ အစားအသောက် ကောင်းကောင်းတွေကို ရှာဖွေ စားသောက်မှတ်တမ်းယူရတာတွေကလည်း ကိုယ်အလေးချိန်ကို တက်စေပါတယ်။

ရှေ့နေ

ရှေ့နေတွေက စိတ်ဖိစီးမှုတွေ အများကြီး ခံစားရပါတယ်။ စိတ်ဖိစီးမှုများပြီး စိတ်လှုပ်ရှားပြီး နေ့လည်စာ၊ညစာတွေ စားသောက်ရင် ကိုယ်စားတဲ့ အစားအစာပမာဏကို မထိန်းချုပ်နိုင်ဘဲ အများကြီး စားမိတာကြောင့် ကိုယ်အလေးချိန်တွေ တက်စေပါတယ်။

အနုပညာရှင်၊ ဒီဇိုင်နာ၊ ဗိသုကာ ဒီဇိုင်း ပညာရှင်

14069110-1045-1491989317-650-b8d33c1858-1492717628

ဖန်တီးမှုနဲ့ သက်ဆိုင်တဲ့ အလုပ်တွေဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ထဲမှာ စိတ်နှစ်မိသွားရင် တခါတရံ နေ့လည်စာ မစားဖြစ်တာတို့ နေ့လည်စာကို အလုပ်စားပွဲမှာဘဲ ထိုင်ပြီး စားလိုက်တာကြောင့် ကိုယ်အလေးချိန် တက်စေပါတယ်။

အုပ်ချုပ်မှုပိုင်းဆိုင်ရာ အလုပ်

14069160-O6YV1W0-1491989411-650-f3a9215add-1492717628

Admin အလုပ်တွေကလည်း ရုံးတစ်ရုံးကို လိုအပ်ရင် လိုအပ်သလို အကူအညီပေး၊ စောင့်ကြည့် အုပ်ချုပ်ရတာကြောင့် စိတ်ဖိစီးမှုလည်း များပါတယ်။ ဒါ့အပြင် ရုံးထိုင်ရတဲ့အလုပ်ဆိုတော့ ကိုယ်အလေးချိန်လည်း ပိုတက်စေပါတယ်။

သိပ္ပံပညာရှင်

14069210-scientist-2141259_960_720-1491989439-650-80e01fa9a1-1492717628

သိပ္ပံပညာရှင်တွေက သိပ္ပံစမ်းသပ်ခန်းထဲမှာဘဲ တစ်ချိန်လုံး အချိန်ကုန်နေတဲ့အပြင် အမြဲတမ်း မထတမ်း အလုပ်လုပ်နေသူတွေလည်းဖြစ်ပါတယ်။ ဒါကြောင့် နာဆာ (NASA )အဖွဲ့အစည်းက သူတို့ ဝန်ထမ်းတွေကို အလုပ်ချိန်အတွင်းမှာ အားကစား လုပ်ဖို့ ကိုယ်အလေးချိန်ထိန်းဖို့ အားပေး ကူညီမှုတွေပြုလုပ်နေရပါတယ်။

ရဲဝန်ထမ်းများ

14069260-police-2074566_960_720-1491989528-650-43394cb30b-1492717628

Hollywood ရုပ်ရှင်ထဲတွေမှာ ရဲဝန်ထမ်းတွေဆိုရင် ဗိုက်ခပ်ရွှဲရွှဲနဲ့ လူဝကြီးတွေအဖြစ် ရိုက်ကူးကြပါတယ်။ တကယ်တမ်းလည်း ရဲအလုပ်က စိတ်ဖိစီးမှု အရမ်းများတဲ့အတွက် အလွယ်တကူ ဝနိုင်ပါတယ်။ အဲ့ဒီအပြင် အလုပ်ချိန်တိတိကျကျမရှိတဲ့အပြင် ညဘက်တွေမှာပါ မသင်္ကာသူ စောင့်ကြည့် ဖမ်းဆီးရတာကြောင့် အစားစားချိန်မမှန်တာ၊ အသင့်စားအစားအစာတွေ ပိုစားဖြစ်ကြပါတယ်။

မားကက်တင်းနဲ့ PR အသက်မွေးဝမ်းကြောင်းပြုလုပ်သူများ

14069310-OG2OG00-1491989838-650-510d16ea8c-1492717628

သူတို့လည်း ဝန်ဆောင်မှုပေးရတဲ့ အလုပ်တွေဖြစ်တာကြောင့် လူတွေ စိတ်ကျေနပ်အောင် လုပ်ဆောင်နေရပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများတဲ့အလုပ်လည်းဖြစ်ပါတယ်။ အဲ့ဒီအပြင် ပွဲ၊အခမ်းအနားတွေတက် အစားကောင်းတွေစားသောက်ရတာတွေကြောင့်လည်း ကိုယ်အလေးချိန် တက်စေပါတယ်။

အိုင်တီသမားတွေ

အိုင်တီ သမားတွေကတော့ နေ့နဲ့ညနဲ့ ပြောင်းပြန်အိပ်သူတွေလို့ ဆိုကြမှာပါ။ အိုင်တီသမားဆိုရင် မျက်တွင်းဟောက်ပက်နဲ့ ညဘက်ကို နောက်ကျမှအိပ်သူတွေဖြစ်တာကြောင့် ညဘက် အစားအစာပိုစားကြပါတယ်။ နာရီပေါင်းများစွာ ကွန်ပျုတာရှေ့မှာထိုင်ပြီး အလုပ်လုပ်ရတာကလည်း ကိုယ်အလေးချိန်ကို တက်စေပါတယ်။