ကျွန်ုပ်တို့တွေဟာ နေ့ရက်တိုင်းမှာ ကိုယ့်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမှားတွေ လုပ်မိတတ်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ့်ဘာသာ အမှားလုပ်မိမှန်းတောင် မသိတတ်ပါဘူး။ သိသိနဲ့ပဲ လုပ်လုပ် မသိလို့ပဲ လုပ်လုပ် ကိုယ်လုပ်မိတဲ့ ကျန်းမာရေးအမှားတွေကတော့ တစ်ချိန်ချိန်မှာ ကိုယ့်ကို ပြန်ဒုက္ခပေးနိုင်တဲ့အတွက် သတိထားရှောင်ကြဉ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။

နေ့စဉ်ဘဝမှာ သင် သတိမထားမိဘဲ လုပ်နေတတ်တဲ့ အမှားတွေထဲမှာ အခုဖော်ပြပေးမယ့် ဒီအမှားတွေက အဆိုးဆုံးပါပဲနော်။

(၁) ရေလုံလောက်အောင် မသောက်ခြင်း

ရေဆာတယ်ဆိုတာ သင့်ကိုယ်ခန္ဓာမှာ ရေဓါတ်ခန်းခြောက်နေပြီလို့ ပြောပြနေတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ သုံးပုံနှစ်ပုံဟာ ရေနဲ့ ဖွဲ့စည်းထားတာ ဖြစ်လို့ လူဟာ ရေဓါတ်အမြောက်အများ လိုအပ်တာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ရေနည်းနည်းဆာတယ်လို့ ခံစားရတာနဲ့ သင့်ခန္ဓာကိုယ်မှာ ရေဓါတ်ဖြည့်ပေးဖို့ မမေ့ပါနဲ့။ အကြမ်းဖျင်းဆိုရင် တစ်ရက်ကို ရေ ၈ ဖန်ခွက် ပုံမှန်သောက်ပေးသင့်ပြီး ရာသီဥတုနဲ့ လေ့ကျင့်ခန်းလုပ်တဲ့ အပေါ်လိုက်ပြီး ရေတိုးသောက်သင့်ပါတယ်။

(၂) ကိုယ်အနေအထားမှားခြင်း

Source: Write of the Middle

တစ်နေကုန်လုံး ထိုင်ခုံမှာ ထိုင်နေတာဟာ သင့်ကျန်းမာရေးအန္တရာယ်ကို ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။ ပိုဆိုးတာက ထိုင်ခုံမှာ ထိုင်ချိန်မှာ ကိုယ်နေဟန်ထား မှားတာ (ဥပမာ_ကုန်းပြီး အလုပ်လုပ်တာ) ဟာ သင့်ကျောရိုး ၊ နောက်ကျော ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ခေါင်းကိုက်ပြီး သွေးလည်ပတ်မှု အားနည်းလာနိုင်သလို အဆုတ်ရဲ့ လုပ်ဆောင်ချက်လည်း ကျဆင်းလာနိုင်ပါတယ်။

(၃) သီချင်းအကျယ်ကြီး နားထောင်ခြင်း

Source: Science News for Students

ဘတ်စ်ကားပေါ်မှာ ဖြစ်ဖြစ် Gym နဲ့ အလုပ်လုပ်နေချိန်မှာ ဖြစ်ဖြစ် စိတ်ပြေလက်ပျောက် နားကြပ်တပ်ပြီး သီချင်းနားထောင်တာ ကောင်းပါတယ်။ ဒါပေမယ့်လည်း သီချင်းသံကိုတော့ သတိထားသင့်ပါတယ်။ နားကြပ်တပ်ပြီး သီချင်းအကျယ်ကြီး နားထောင်လေ့ရှိသူဟာ နားအကြားအာရုံ ထိခိုက်လာနိုင်ပါတယ်။ သီချင်းနားထောင်ပြီးတိုင်း နားကို မိနစ် ၂၀ အနားပေးပါ။ Noise-Cancelling Headphone တစ်ချို့လည်း ဝယ်သုံးသင့်ပါတယ်။

(၄) တစ်မှေးပြန်နှပ်ခြင်း

Source:Sleep Better Georgia

မနက်ပိုင်း အိပ်ရာကနိုးပြီး ပြန်အိပ်တာဟာ သင့်ရဲ့ အိပ်စက်မှုပုံစံ Sleeping Pattern အတွက် မကောင်းပါဘူး။ အိပ်ရာက နိုးပြီးမှ ပြန်အိပ်တာဟာ သင့်ဦးနှောက်ကို ရှုပ်ထွေး‌စေပြီး ကနဦး စပြီး နိုးလာချိန်ထက်စာရင် နှုံးပြီး အိပ်ချင်နေစေပါတယ်။ မှန်ကန်တဲ့ အိပ်စက်မှုတစ်ခု ဖြစ်စေဖို့ အိပ်ရာဝင် အလေ့အကျင့်ကောင်းတွေ ရှိထားဖို့ လိုပါတယ်။

(၅) အစာစားပြီး သွားတိုက်ခြင်း

စားသောက်ပြီး သွားတိုက်တာ မှန်ကန်တဲ့ လုပ်ရပ်လို့ သင့်အနေနဲ့ ထင်နေနိုင်ပါတယ်။ တကယ်က အစာစားပြီး သွားတိုက်တာဟာ သွားကို ထိခိုက်စေနိုင်ပါတယ်။ အက်ဆစ်နဲ့ သကြားဓါတ်ပါတာတွေ စားပြီး သွားတိုက်တာဟာ သွားကြွေလွှာတွေကို အားနည်းစေပါတယ်။ အက်ဆစ်ဓါတ်ပါတဲ့ အစားအစာတွေ စားပြီးတိုင်း သင့်ခံတွင်းဟာ pH level ဟာ သာမန်ထက် မြင့်လာပါတယ်။ ဒီနည်းနဲ့ သွားကြွေလွှာတွေ ပျော့ပြောင်း ပြီး အထိအခိုက် မခံဖြစ်လာတာပါ။
အကောင်းဆုံးက အက်ဆစ်ဓါတ်ပါတာတွေ မစားခင်မှာ သွားတိုက်နိုင်ပါတယ်။ တကယ်လို့ စားပြီးမှ သွားတိုက်မယ်ဆိုရင်လည်း အနည်းဆုံး မိနစ် ၄၀ လောက် ကြာမှ သွားတိုက်သင့်ပါတယ်။ ပုံမှန်အားဖြင့်တော့ အစာစားပြီးတိုင်း ခံတွင်းပလုတ်ကျင်းရင် အဆင်ပြေပါတယ်။