စွံပလွံသီးဟာ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ ကမ္ဘာ့နံ့ပါတ် ၁ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး လေဖြတ်တာ၊ ကိုလက်စထရောများတာ၊ သွေးဖိအားများတာကိုလည်းသက်သာစေပါတယ်။

datess-602x381Medjool-dates-010

ဇီဝစနစ်ကိုမြင့်တင်ပေးနိုင်သလို၊ အစာချေစနစ်ကိုလည်းကောင်းမွန်စေပြီး ကိုယ်အလေးချိန်လျှော့ချပေးနိုင်ပါတယ်။ စွံပလွံသီးရဲ့ အဓိကကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးလိုက်ပါတယ်။

ကိုလက်စထရောပါဝင်မှုကိုထိန်းချုပ်ပေးခြင်း

စွံပလွံသီးဟာ သွေးတွင်းမှာရှိတဲ့ မကောင်းတဲ့ကိုလက်စထရောပါဝင်မှုကိုလျှော့ချပေးနိုင်ပါတယ်။ သွေးခဲတာကိုလည်းကာကွယ်ပေးနိုင်ပြီး သွေးကြောကိုသန့်စဉ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်လျှော့ချပေးနိုင်ခြင်း

you-might-lose-some-weight

မနက်ခင်းစောစော ဘာမှမစားရသေးခင် စွံပလွံသီးကို စားပေးတာဟာ ခန္တာကိုယ်အတွင်းကအဆီတွေကိုလောင်ကျွမ်းစေပါတယ်။ ကိုလက်စထရောပါဝင်မှုမရှိပေမဲ့ သကြားပါဝင်မှုများတာကြောင့် အကန့်အသတ်နဲ့ စားပေးသင့်ပါတယ်။

ဝမ်းလျှောခြင်းကို ကာကွယ်ပေးခြင်း

diarrhea-during-pregnancy

စွံပလွံသီးမှာ ပိုတက်ဆီယမ်နဲ့ တခြားသတ္တုဓါတ်တွေပါဝင်ပြီး ဝမ်းလျှောခြင်းကနေကာကွယ်ပေးပါတယ်။ ဒါ့အပြင် အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

ဝမ်းချုပ်ခြင်းကို တားဆီးပေးခြင်း

maxresdefault

ဝမ်းလျှောတာကိုမဖြစ်စေသလို ဝမ်းချုပ်မှာလည်း စိတ်ပူစရာမလိုပါဘူး။ စွံပလွံသီးကို ရေနဲ့ တညလုံးစိမ်ထားပြီး မနက်ခင်းမှာ အသီးကိုစားပေးပါ။ အစာချေစနစ်နဲ့ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

နှလုံးကို အားကောင်းစေခြင်း

High resolution man drawing chart heartbeat

စွံပလွံသီးကို ရေနဲ့ တစ်ညလုံးစိမ်ထားပါ။ မနက်ပိုင်းမှာ ရေကိုဆစ်ချပါ။ အစေ့ကိုဖယ်ပြီးစားပါ။ နှလုံးကျန်းမာရေးကို အားကောင်းစေပါတယ်။

လေဖြတ်မှုကိုကာကွယ်ပေးခြင်း

စွံပလွံသီးမှာ ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်လို့ လေဖြတ်မှုကိုကာကွယ်ပေးပါတယ်။ အာရုံကြောစနစ်ကိုလည်းအားကောင်းစေပါတယ်။ နှလုံးရောဂါကိုကာကွယ်ပေးဖို့နဲ့ လေဖြတ်မှုမဖြစ်စေဖို့ စွံပလွံသီး တစ်နေ့ ၄၀၀ မီလီဂရမ် (mg)ကို စားပေးပါ။

သံဓါတ်မြင့်မားစွာပါဝင်ခြင်း

dattes

စွံပလွံသီးမှာ သံဓါတ်မြင့်မာစွာပါဝင်လို့ ကလေးငယ်တွေအတွက်ရော ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ရော သွေးအားနည်းတဲ့သူတွေအတွက်ရော ကောင်းမွန်ပါတယ်။

MedjoolDates

ဒါ့ကြောင့် စွံပလွံသီးကို တွေ့တဲ့အခါမှာ စားဖြစ်အောင်ဝယ်စားလိုက်ပါနော်။