သစ်ကြမ်းပိုးခေါက်ကို အိမ်မှာအမြဲတမ်းဆောင်ထားဖြစ်လာရှင့်။ သစ်ကြမ်းပိုးခေါက်မှာ စာဖတ်သူတို့ မသိသေးတဲ့ မမျှော်လင့်ထားတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာရှိနေပါတယ်။

ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်တယ်။

အအေးမိ တုတ်ကွေးဖြစ်ပြီဆိုရင် သစ်ကြမ်းပိုေးခါက်ကို သတိရလိုက်ပါနော်။ သစ်ကြမ်းပိုးခေါက်ဟာ ဘက်တီးရီးယားပိုးတွေ ပိုပြီးကြီးမလာအောင် တားဆီးပေးနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်စေပြီး ရောဂါကူးစက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

ရောင်ရမ်းမှုကို သက်သာစေခြင်း

ခေါင်းကိုက်တာ၊ ကိုယ်လက်ရောင်ရမ်းနာကျင်တာ၊ အဆစ်အမြစ်နာကျင်ကိုက်ခဲတာမျိုးကို သက်သာပျောက်ကင်းစေပါတယ်။ သစ်ကြမ်းပိုးခေါက်ဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ကြွက်သားနာကျင်မှုကိုလည်း သက်သာစေပါတယ်။

အမျိုးသမီးတို့ရဲ့ ဓမ္မတာနာကျင်မှုကိုသက်သာစေတယ်။

အမျိုးသမီးတို့ ရာသီစက်ဝန်းအတွင်း နာကျင်မှုကို သစ်ကြမ်းပိုးခေါက်ကသက်သာစေပါတယ်။ ဓမ္မတာဆင်းခါနီးနာပြီဆိုရင် သစ်ကြမ်းပိုးခေါက်ကိုသတိရလိုက်ပါနော်။

ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်တင်ပေးခြင်း

အယ်လ်ဇိုင်းလ်မားလ်တို့လို ဦးနှောက်နဲ့ မှတ်ဉာဏ်ချို့ယွင်းမှုဆိုင်ရာ ရောဂါတွေ ဖြစ်ပွားမှုကို သစ်ကြမ်းပိုးခေါက်က လျှော့ချပေးပါတယ်။ သင့်ဦးနှောက်လုပ်ဆောင်ချက်ကိုကောင်းမွန်စေပါတယ်။

သွေးတွင်းသကြားဓါတ်ကိုလျှော့ချပေးခြင်း

သစ်ကြမ်းပိုးခေါက်ကိုပုံမှန်သောက်ပေးရင်သွေးတွင်း သကြားဓါတ်ပါဝင်မှုကို လျှော့ချပေးနိုင်ပါတယ်။ သကြားပါဝင်မှုများတဲ့အစားအစာတွေကိုစားမိရင်လည်း သစ်ကြမ်းပိုးခေါက်ကိုစားမိတဲ့အခါ သစ်ကြမ်းပိုးခေါက်က အဲဒီသကြားဓါတ်သွေးတွင်းထဲမရောက်အောင် လျှော့ချပေးနိုင်ပါတယ်။

သွားကျန်းမာစေတယ်။

သစ်ကြမ်းပိုးခေါက်ကိုစားပေးတာ သောက်ပေးတာ ဒါမှမဟုတ် သွားတိုက်ဆေးမှာထည့်ပြီးသွားတိုက်ပေးတာဟာ သွားနဲ့ ခံတွင်းကိုကျန်းမာစေလို့ သစ်ကြမ်းပိုေးခါက်ကို သံးပေးသင့်ပါတယ်။

သင်စားတဲ့အစားအစာတွေမှာ သစ်ကြမ်းပိုးခေါက်ကို ဘယ်လိုထည့်စားမလဲ။

သိပ်တော့မခက်လှပါဘူး။ သစ်ကြမ်းပိုးခေါက်ကို ရေနွေးနဲ့စိမ်ပြီး သောက်သုံးနိုင်သလို အမှုန့်ကြိတ်ထားပြီး ကိုယ်စားမယ့် ဟင်းတွေမှာ စားခါနီးကျရင် သစ်ကြမ်းပိုးခေါက်ဖြူးပေးလိုက်ပါ။