သင်ဟာ အသင့်စား ခေါက်ဆွဲခြောက်ထုပ်တွေ အမြဲစားနေတဲ့သူတစ်ယောက်ပါလား။

ခေါက်ဆွဲခြောက်ထုပ်တွေက ပါဝင်တဲ့ အမှုန့်ထုပ်လေးတွေဖြူးပြီးစားလိုက်ရင် အရမ်းကို စားလို့ကောင်းပါတယ်။

အဲ့ဒီအပြင် ခေါက်ဆွဲခြောက်ထုပ်တွေက ဈေးလည်းသက်သာပြီး လွယ်လွယ်ကူကူနဲ့စားလို့ရတာကြောင့် လူတိုင်းကြိုက်နှစ်သက်ကြပါတယ်။

ဒါပေမယ့် ခေါက်ဆွဲခြောက်ထုပ်တွေရဲ့ ကျန်းမာရေး အန္တရာယ်တွေကိုတော့ သိထားသင့်ပါတယ်။

ဆိုဒီယမ်ပါဝင်မှု ပမာဏများ

ခေါက်ဆွဲခြောက်ထုပ်တွေမှာ အရသာကောင်းအောင် ဆိုဒီယမ်တွေများများ ထည့်ထားပါတယ်။ ဆိုဒီယမ်က သွေးတိုး၊ နှလုံး၊ လေဖြတ်ရောဂါနဲ့ တခြားရောဂါတွေ အများကြီးဖြစ်စေပါတယ်။

ပြည့်ဝဆီတွေအများကြီးပါဝင်

ပြည့်ဝဆီ (Saturated Fats) တွေအများကြီးပါဝင်ပါတယ်။ ခေါက်ဆွဲခြောက်ထုပ်တွေမှာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ဆီတွေ တစ်ခုမှမပါဝင်ဘဲ ကျန်းမာရေးအတွက် မကောင်းတဲ့ဆီတွေဘဲ ပါဝင်နေပါတယ်။ ဒါတွေက အဝလွန်တဲ့ရောဂါတို့၊ ဝမ်းဗိုက်မှာ အဆီများတာတို့နဲ့ တခြား ပြဿနာတွေဖြစ်နိုင်ပါတယ်။

အဲ့ဒီအပြင် မကောင်းတဲ့ ကိုလက်စထရောဓာတ် များတာတို့ နှလုံးရောဂါတို့ဖြစ်စေနိုင်ပါတယ်။

ကြာရှည်ခံပစ္စည်းတွေပါဝင်

ခေါက်ဆွဲခြောက်ထုပ်တွေကို ကြာရှည်ခံပစ္စည်းတွေနဲ့ဘဲ ထုတ်လုပ်ထားတာာပါ။ Butylated Hydroxyanisole (BHA) နဲ့ T-Butylhydroquinone (TBHQ) စတဲ့ ကြာရှည်ခံပစ္စည်းတွေထည့်ပြီး သက်တမ်းကြာရှည်ခံအောင် လုပ်ဆောင်ထားတာပါ။

ခေါက်ဆွဲခြောက်တစ်ထုပ်မှာ ကြာရှည်ခံပစ္စည်းအနည်းငယ်ဘဲပါတယ်လို့ဆိုပေမယ့် တစ်သက်လုံး စားတဲ့နှုန်းနဲ့ တွက်ကြည့်ရင်တော့ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပြီး ကင်ဆာရောဂါတွေဖြစ်စေပါတယ်။