မုန်လာဥနီစားပေးရင် ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာ လူတိုင်းသိပြီးသားပါပဲ။ မျက်လုံးအတွက်ရော နှလုံးအတွက်ရော ကောင်းမွန်ပါတယ်။ အစိမ်းစားရင် အဟာရဓာတ်အပြည့်အဝရရှိတာမို့ အစိမ်းစားပေးတာပိုကောင်းပါတယ်။

မုန်လာဥနီမှာ ဗီတာမင် A,B-Complex,C နဲ့ E စတဲ့ဓာတ်တွေပါဝင်ပြီး Antioxidant နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ၁၀၀ ဂရမ်ရှိတဲ့ မုန်လာဥနီကိုမှ ကယ်လိုရိ ၃၃ ပဲပါဝင်တာမို့ ကျန်းမာရေးအတွက် အကျိုကျေးဇူးများစွာရှိနေပါတယ်။

ကိုယ်ခံအားစနစ်

ဖောလစ်အက်ဆစ် အမျှင်ဓာတ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်တဲ့အပြင် Beta-Carotene ပါဝင်လို့ အမြင်အာရုံအတွက်ကောင်းမွန်သလို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပြီး ဘက်တီးရီးယားပိုးမွှားတွေ အလွယ်တကူကူးစက်ခံရခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင် A

ဗီတာမင် A ပါဝင်လို့ အသည်းကိုကျန်းမာစေသလို၊ အရေပြားကျန်းမာရေး၊ အရိုး နဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

မုန်လာဥနီကိုစားပေးမယ်ဆိုရင် သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေသလို ကင်ဆာအမျိုးမျိုးဖြစ်ပွားခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

မုန်လာဥနီမှာ ပါဝင်တဲ့ ဗီတာမင် A ဟာအစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်ပါဝင်လို့လည်း ရင်ပူတာ၊ အစာမကြေဖြစ်တာ၊ ဝမ်းချုပ်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။

အစာအဆိပ်သင့်ခြင်း၊ ကူးစက်ရောဂါဖြစ်ပွားခြင်းတွေအပါအဝင်၊ အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေလို့ မုန်လာဥနီကို စားပေးသင့်ပါတယ်။

မိခင်နဲ့ ရင်သွေးအတွက်

မိခင်နဲ့ ရင်းသွေးအတွက်လည်း ကောင်းမွန်တဲ့ အသီးမျိုးပါ။ ဗီတာမင် A ဟာ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ၊ နို့တိုက်မိခင်တွေနဲ့ မွေးကင်းစကလေးငယ်တွေအတွက် လိုအပ်လှပါတယ်။

အစာစားလို့ရတဲ့ အရွယ်ရောက်နေတဲ့ ကလေးငယ်တွေကိုလည်း မုန်လာဥနီပြုတ်ပြီးကျွေးသင့်ပါတယ်။ ကလေးငယ်ရဲ့ အစာခြေလမ်းကြောင်းနဲ့ အူလမ်းကြောင်းအတွက် ကောင်းမွန်စေလို့ဖြစ်ပါတယ်။