လူ့ခန္ဓာကိုယ်က စွမ်းအင်ရရှိဖို့ အစာလိုအပ်တဲ့အတွက် ဗိုက်ဆာတယ်ဆိုတာ ထူးဆန်းလှတာမဟုတ်ပါဘူး။ ဒါပေမယ့် အစာစားပြီးတာတောင် ခဏခဏ ဗိုက်ဆာနေမယ်ဆိုရင်တော့ ကျန်းမာရေး ချို့ယွင်းချက်တစ်ခုခုရှိနေလို့ပါ။ ဆေးပညာအရ အလွန်အကျွံဗိုက်ဆာခြင်းကို “Polyphagia” လို့ခေါ်ပြီး အဲ့ဒီလိုအခြေအနေမျိုးမှာတော့ ဆရာဝန်ပြသင့်ပါပြီ။
၁။ ဆီးချိုရောဂါဖြစ်နိုင်ချေ။
လူ့ခန္ဓာကိုယ်က အစားအစာကရရှိလာတဲ့ အချိုဓာတ်ကို ဂလူးကို့စ်အနေနဲ့ပြောင်းပစ်ပါတယ်။ ဒါပေမယ့် သင့်မှာ ဆီးချိုရှိနေပြီဆိုရင်တော့ ဂလူးကို့စ်ဟာ ခန္ဓာကိုယ်ဆဲလ်တွေထဲမရောက်ပဲ မစင်အနေနဲ့ ပါသွားပါတယ်။ ဒါကြောင့် လိုအပ်တဲ့ဂလူးကို့စ်မရမချင်း ခန္ဓာကိုယ်က အစားအသောက်ကို စားဖို့တိုက်တွန်းတဲ့အခါ ဗိုက်ဆာလာရခြင်းဖြစ်ပါတယ်။ ဒါကြောင့် Type 1 ဆီးချိုသမားတွေက ဘယ်လောက်စားစား ပိန်နေရခြင်းဖြစ်ပါတယ်။
၂။ သွေးချိုလျော့ကျနိုင်ချေ။
ခန္ဓာကိုယ်မှာ ဂလူးကို့စ်အရမ်းနည်းတဲ့အခါ သွေးချိုလျော့ကျတယ်လို့ခေါ်ပါတယ်။ ဆီးချိုသမားတွေဖြစ်နိုင်ခြေများပေမယ့် တခြား ကျန်းမာရေးပြသနာတွေဖြစ်တဲ့ အသဲရောင်ရောဂါ၊ ကျောက်ကပ်ချို့ယွင်းမှု နှင့် အဒရီနယ် ဂလင်း ပြသနာကြောင့်လည်းဖြစ်ရပါတယ်။
၃။ အိပ်ရေးပျက်ခြင်း။
ခန္ဓာကိုယ်က လုံလောက်တဲ့ အနားယူမှမရတဲ့အခါ ဆာလောင်မှုကို ထိန်းချုပ်ထားတဲ့ ဟော်မုန်းကို ထိခိုက်စေပါတယ်။ အိပ်ရေးပျက်တဲ့လူတွေက ဆာလောင်နိုင်ခြေများပြီး ဘယ်တေယ့မှ ဗိုက်ဝတယ်လို့ မခံစားရပါဘူး။ ဒီ့အပြင် အဆီများတဲ့အစာတွေအပေါ် စားချင်စိတ်ပြင်းထန်လာစေပါတယ်။
၄။ အစားအစာပေါ်မူတည်။
အစားအစာတိုင်းက ဗိုက်ပြည့်စေတာမဟုတ်ပါဘူး။ ဆာလောင်မှုကို ထိန်းချုပ်ချင်ရင် အကောင်းဆုံးကတော့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသား၊ ငါး၊နို့ထွက်ပစ္စည်း တွေနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေ ဖြစ်တဲ့ သစ်သီးဝလံ၊ပဲ စတာတွေကို စားပေးသင့်ပါတယ်။
၅။ ဆေးဝါးသုံးစွဲမှုနှင့်သက်ဆိုင်။
အချို့ဆေးဝါးတွေက သင့်ကို ပိုစားစေပါတယ်။ စိတ်ဖိစီးမှုဆိုင်ရာဆေးဝါးများ၊ ဆီချိုဆေးများ၊ စိတ်ကျန်းမာရေးသောက်ဆေးများ စတဲ့ဆေးတွေကြောင့်ဖြစ်လာရတာပါ။ အကယ်၍ဆေးတွေသောက်ပြီး ဝ လာတယ်လို့ခံစားရရင်တော့ ဆရာဝန်နဲ့ ညှိနှိုင်းကြည့်ပါ။
၆။ စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်ရခြင်း။
စိတ်ပူပန်ကြောင့်ကြတဲ့အခါ ခန္ဓာကိုယ်က Cortisol လို့ခေါ်တဲ့ ဟော်မုန်းထုတ်လွှတ်ပေးပါတယ်။ အဲ့ဒီ့ Cortisol ကဆာလောင်မှုကို မြှင့်တင်ပေးပါတယ်။ စိတဖိစီးသူတော်တော်များက အချိုနဲ့အဆီပါတဲ့အစားအစာတွေကို တောင့်တကြပါတယ်။
၇။ သိုင်းရွိုက်ပြသနာ။
လည်ချောင်းထဲက လိပ်ပြာသဏ္ဍာန်ရှိတဲ့ ဂလင်းဟာ သိုင်းရွိုက် ဂလင်းပါ။ သိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးရဲ့ လုပ်ဆောင်မှုနှုန်းကို ထိန်းချုပ်ထားပါတယ်။ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်ချင်မြန်နေမယ်ဆိုရင်တော့ Hyperthyroidism ဖြစ်လာရပါတယ်။
အကယ်၍ သင်ဟာ ပုံမှန်မဟုတ်ပဲဗိုက်ဆာနေတတ်ရင် အပေါ်ကအချက်ကလေးတွေ လိုက်စစ်ကြည့်ကာ အချိန်မီ ဆရာဝန်နှင့်ပြသပြီး ကုသမှုခံယူစေလိုပါတယ်။
Source: WebMD