ဘက်တီးရီးယားတွေနဲ့ပိုးမွှားတွေကို ခန္ဓာကိုယ်ထဲကနေ အမြန်ဆုံး တိုက်ထုတ်ပြီး ဖျားနာတွေကို ပျောက်ကင်းစေမယ့် သဘာ၀ ဆေးနည်းကို ဝေမျှချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နနွင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ပွသီး ၂ တောင့်
  • ပန်းသီးရှာလကာရည် ၃ ခွက်
  • ငရုတ်သီး ၂ တောင့်
  • ကြိတ်ထားတဲ့ ဒန့်သလွန်ရွက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • လှီးထားတဲ့ ကြက်သွန်နီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • လှီးထားတဲ့ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

  • ပန်းသီး ရှာလကာရည်မှအပ ကျန် ပစ္စည်းများကို အိုးတစ်ခုထဲထည့်ပြီး နယ်ပါ။
  • အဖုံးအပိတ်ရှိတဲ့ ရေခွက်ကြီးတစ်ခွက်ထဲထည့်ပြီး ပန်းသီးရှာလကာရည်ကို လောင်းချပါ။ ပြီးရင် ခွက်ကို လှုပ်ခါလိုက်ပါ။
  • ဒါဆိုရင် ပစ္စည်းတွေ သေချာ ရောနှောသွားပါပြီ။
  • တစ်နေ့ကို ခွက်ကို ၂ ခါလှုပ်ပေးပြီး အေးပြီး ခြောက်သွေ့တဲ့နေရာမှာ ၁၀ ရက်လောက်ထားပါ။
  • ပြီးရင် ရေခဲသေတ္တာထဲထည့်ထားပြီး တစ်နေ့ကို စားပွဲတင်ဇွန်း ၁ ဇွန်းသောက်လု့ိရပါတယ်။

ဒီဖျော်ရည်က ခန္ဓာကိုယ်ထဲရှိ သွေးလည်ပတ်မှုအားကောင်းစေပြီး ရောဂါပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ကာ မဝင်အောင်လည်း ကူညီပေးပါတယ်။

ကြက်သွန်ဖြူမှာ ရောဂါပိုးမွှားတွေ၊ ဘက်တီးရီးယားတွေ သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။

ကြက်သွန်နီမှာ မှိုတို့ ရောဂါပိုးမွှားတွေကို သေစေနိုင်ပြီး သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ကာ ခန္ဓာကိုယ်ရောင်ရမ်းတာတွေကိုလည်း ကျစေပါတယ်။

ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

ပန်းသီးရှာလကာရည်က အစာခြေစနစ်ကိုအားကောင်းစေပြီး သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးကာ   နှာစေးနှာရည်ယိုတွေအတွက်လည်းကောင်းပါတယ်။

အဲ့ဒီအပြင် ချောင်းဆိုး၊ လည်ပင်းရောင်တာတွေအတွက်လည်း ကောင်းပါတယ်။

နနွင်း

နနွင်းကတော့ ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။ နနွင်းကိုနေ့စဉ် စားသုံးပေးရင် အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပြီး ရောင်ရမ်းမှုတွေကိုလည်း လျှော့ကျစေပါတယ်။ ဦးနှောက်၊ နှလုံး၊ ကင်ဆာ နဲ့ စိတ်ဓာတ်ကျရောဂါတို့ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

ငရုတ်သီး

ငရုတ်သီးက နှလုံးကျန်းမာရေး အတွက်ကောင်းပြီး ရောင်ရမ်းတာတွေ နဲ့ ဆီးချိုရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန်ကိုကျစေပြီး ကိုယ်ခံစွမ်းအားကိုလည်း ကောင်းစေပါတယ်။