အိမ်တွင်းရိုးရာဆေးနည်းလေးတွေဟာ ရှေးယခင်ကတည်းကနေ ယနေ့ထိ ယုံယုံကြည်ကြည် သုံးစွဲလာကြတဲ့အရာပါပဲ။ အခုဖော်ပြပေးမယ့် သဘာဝဆေးကို ပုံမှန်သောက်ပေးမယ်ဆိုရင်တော့ ကိုယ်ခံအားစနစ်ကောင်းမွန်စေပြီး ကူးစက်ရောဂါအမျိုးမျိုး ဝင်ရောက်ခြင်းကနေ တားဆီးပေးနိုင်ပါတယ်။အဆိပ်အတောက်တွေကို ကင်းစင်စေပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိနေပါတယ်။

သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေတာ ကြောင့် သွေးကြောကျဉ်းတာ၊ သွေးကြောပိတ်စို့တာမျိုးမဖြစ်စေလို့ နှလုံးရောဂါလည်းကင်းဝေးစေမှာပါ။

ပါဝင်ပစ္စည်း

  • ဂျင်း (ကြိတ်ထားသောဂျင်း (သို့) နုတ်နုတ်စဉ်းထားသော ဂျင်း) ခွက် ၄ ပုံ ၁ပုံ
  • နုတ်နုတ်စဉ်းထားသော ကြက်သွန်နီ ၄ ပုံ ၁ ပုံ
  • နနွင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဒန့်ဒလွန်မြစ် နုတ်နုတ်စဉ်း စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီး ၂ တောင့်
  • ပန်းသီးရှာလကာရည် (Apple Cider Vinegar) ၇၀၀ မီလီလီတာ

ပြင်ဆင်ခြင်း

ဒါတွေကို မပြင်ဆင်မီ လက်အိပ်ဝတ်ထားပါနော်။ သင့်အသားအရေ အနံ့စွဲမှာ လောင်သွားမှာ စိုးလို့ပါ။

ပါဝင်ပစ္စည်းအားလုံးကို ပုလင်းတစ်လုံးထဲထည့်ပြီး ရှာလကာရည်ထည့်လိုက်ပါ။ ပြီးရင် အဖုံးကို သေချာကြပ်ကြပ်လေး ပိတ်လိုက်ပါ။ အမှောင်ကျပြီး အေးတဲ့နေရာမှာ ၁ ပတ်လောက်ထားပါ။ လိုအပ်ရင် နေ့တိုင်း လှုပ်ခါပေးပါ။ ဒီအရည်ကို သင့်ဟင်းလျာတွေမှာ ထည့်စားထာပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။

အအေးမိ ဖျားနာတာမျိုး မဖြစ်ဖို့အတွက် တစ်နေ့ကို စားပွဲတင်ဇွန်း ၁ ဇွန်းစားပေးရမှာပါ။ ဖြစ်ပြီဆိုရင်လည်း စားပေးလို့ရပါတယ်။ အဖျားကြီးရင်တော့ တစ်နေ့ကို ၅ ကြိမ် ၆ ဘကိမ်လောက်စားပေးပါ။

အနံ့တော့ဆိုးပါတယ်။ ဒီဆေးနည်းဟာ ကိုယ်ဝန်ဆောင်တွေအတွက်ရော ကလေးတွေပါ သောက်လို့ရပါတယ်။