ကလေးတွေဆိုတာ အလွန်ဖြူစင်ကြပြီး အပြစ်အနာအဆာကင်းစင်ကြပါတယ်။ ဒါပေမယ့်လည်း ထိုကဲ့သို့သော ကလေးငယ်လေးတွေရဲ့ဘဝမှာ ဖျားနာ၊ နေမကောင်းဖြစ်မှုတွေ၊ အခက်အခဲတွေက ဝင်ရောက်နှောင့်ယှက်တတ်ပါတယ်။ အသက်တစ်နှစ်မရောက်ခင်အချိန်အထိ ဓာတ်မတည့်မှုတွေဖြစ်ဖို့အလားအလာအလွန်များပြီး ကိုယ်ခံအားကလည်း တည်ဆောက်နေဆဲကာလမို့လို့ ခံနိုင်ရည်အားနည်းပါးကြပါတယ်။

ဒါကြောင့် အချို့သောမိဘတွေအတွက် ကလေးတွေမှာ ဖြစ်ပေါ်တတ်တဲ့ဓာတ်မတည့်မှုတွေနဲ့ ထိုကဲ့သို့ဓာတ်မတည့်မှုတွေဖြစ်လာပြီဆိုရင် ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ အစားအသောက်ဓာတ်မတည့်ခြင်း

အချို့အစားအစာတွေကို ကလေးများပထမဦးဆုံးအနေနဲ့ စားသုံးလိုက်တဲ့အခါမှာ အစားအသောက်ဓာတ်မတည့်မှုတွေဖြစ်လာနိုင်ပါတယ်။ မြေပဲ၊ ကြက်ဥ၊ နွားနို့၊ နို့ထွက်ပစ္စည်းများနှင့် ဂလူတင်တို့သည် ဖြစ်လေ့ရှိသည့် ဓာတ်မတည့်သောအရာများဖြစ်ပါတယ်။

၂။ လေထုဓာတ်မတည့်ခြင်း

သာမန်ဖျားနာမှုနဲ့လက္ခဏာတွေဆင်တူကြသော်လည်း ကလေးများတွင် အဖြစ်များသည့်ဓာတ်မတည့်မှုတစ်ခုဖြစ်ပါတယ်။ နှာစေး၊ ချောင်းဆိုးတို့ကိုဖြစ်စေပြီး အသက်ရှူရကိုပါ ခက်ခဲလာစေနိုင်ပါတယ်။

၃။ ပန်းနာရင်ကျပ်

ရောင်ရမ်းခြင်း၊ လေပြွန်ကျဉ်းမြောင်းခြင်းနှင့် လေလမ်းကြောင်းပိတ်ဆို့ခြင်းတို့ကြောင့် ဖြစ်လာရတာပါ။ လေထုဓာတ်မတည့်သလိုမျိုး နှာချေ၊ ချောင်းဆိုး အသက်ရှူရခက်ခဲခြင်း စတာတွေကိုဖြစ်လာစေနိုင်ပါတယ်။

၄။ ပျားတုပ်ခံရသည့်ဓာတ်မတည့်မှု

ပျားတုပ်ခံရတာက ဘယ်တော့များမှ မကောင်းမွန်သလို အကယ်၍ပျားအဆိပ်တို့နှင့်ဓာတ်မတည့်ဘူးဆိုပါက ပြဿနာတွေဆိုးဝါးနိုင်ပါတယ်။ ပျားတုပ်ခံရသည့်နေရာများတွင် နီရဲခြင်း၊ ရောင်ရမ်းခြင်းနှင့် ယားယံခြင်းတို့ဖြစ်လာပြီး ထိုမှတဆင့် အသက်ရှူရခက်ခြင်း၊ မူးဝေခြင်းတို့ဖြစ်လာနိုင်ပါတယ်။

၅။ နှင်းခူနာ

အရေပြားနီရဲရောင်ရမ်းခြင်းရဲ့ပုံစံတစ်မျိုးဖြစ်တဲ့ နှင်းခူနာသည်လည်း ကလေးများတွင်အဖြစ်များတဲ့ ဓာတ်မတည့်မှုတစ်ခုဖြစ်ပါတယ်။ ကလေးငယ်များ၏ တံတောင်ဆစ် သို့မဟုတ် ဒူးအနောက်ပိုင်းများတွင်ဖြစ်ပေါ်တတ်ပြီး ကုတ်ပေးခြင်းက အသားအရေနီရဲခြင်းကို ဖြစ်လာစေနိုင်ပါတယ်။

ဘယ်လိုရှောင်ကြဉ်ရမလဲ

ကြိုတင်ကာကွယ်တာက ကုသတာကပိုကောင်းသည့်အတွက် ကလေးငယ်တွေမှာ ဓာတ်မတည့်တာတွေဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြချင်ပါတယ်။

၁။ ရေနွေးနွေးလေးနှင့်ရေချိုးပြီးနောက် ရေနွေးငွေ့ရှူရှိုက်ပေးခြင်းက နှာ သို့မဟုတ် ရင်ဘတ်ပိတ်ဆို့မှုကို ရှင်းလင်းစေနိုင်ပြီး ဘတ်တီးရီးယားပိုးများကိုလည်း သေစေနိုင်ပါတယ်။

၂။ ကလေးတွေကိုရေဓာတ်အပြည့်ရှိနေစေခြင်းက ဓာတ်မတည့်မှုကိုကူညီပေးနိုင်လို့ အနီးအနားတွင်ရေဘူးအမြဲဆောင်ထားပါ။

၃။ ရာသီဥတုပူအိုက်သည့်အချိန်တွင် ကလေးငယ်များကို အေးမြသည့်ပတ်ဝန်းကျင်အနေအထားတွင် ထားပေးခြင်းက ဝတ်မှုန်များနှင့် အခြားလေထုအတွင်းရှိဓာတ်မတည့်သည့်အရာများမှ ကာကွယ်ပေးနိုင်ပါတယ်။

၄။ မျက်စိတွေယားယံစပ်ဖျဉ်းသည့်အခါ ရေအေးကပ်ပေးခြင်းက ချက်ချင်းသက်သာစေဖို့ အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

၅။ မျက်နှာအပေါ်အပူနွေးနွေးတစ်ခုကပ်ပေးခြင်းကလည်း နှာရိုးနာကျင်မှုနှင့် နှာခေါင်းပိတ်ဆို့ခြင်းတို့ကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ ရေနွေးငွေ့ရှူရှိုက်ပေးခြင်းကလည်း ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။