အများအားဖြင့် လိမ္မော်သီးကိုသာ စားသုံးကြပြီး လိမ္မော်သီး အခွံကို လွှင့်ပစ်လိုက်ကြတာများပါတယ်။ အမှန်တော့ လိမ္မော်သီး အခွံမှာ အဟာရတွေ အများကြီး ပါဝင်နေပါတယ်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါခံစားနေရသူတွေအတွက်ဆို လိမ္မော်သီးအခွံက အထူးအသုံးဝင်ပါတယ်။

ဘာကြောင့် လိမ္မော်သီး ခွံက ကျန်းမာရေးအတွက်ကောင်း

အဟာရဓာတ်တွေနဲ့ အင်ဇိုင်းဓာတ်တွေ အများကြီးပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေပိုပြီး လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ လိမ္မော်သီး အခွံတွေမှာ Flavanones နဲ့ အားကောင်းတဲ့ Antioxidants တွေအများကြီးပါဝင်ပါတယ်။

လိမ္မော်သီးခွံမှာ အသည်းသန့်စင်မှုကိုအားကောင်းတဲ့ Histamine နဲ့ Irritation ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ရင်တော့ Organic လိမ္မော်သီးခွံကို အသုံးပြုကြပါတယ်။

လိမ္မော်သီး ခွံရေနွေးကြမ်း

လိမ္မော်သီးခွံကို ပါးပါးလှီးပါ။

ရေနွေးကို လိမ္မော်သီးခွံထဲကို လောင်းထည့်ပါ။

ထည့်ချင်ရင် လက်ဖက်ခြောက်ထည့်လို့ရပါတယ်။

၁၅ မိနစ်လောက်ကြာရင်တော့ လိမ္မော်သီး ရေနွေးကြမ်းသောက်လို့ရပါပြီ။

ဒါမှမဟုတ်ရင် လိမ္မော်သီးအခွံကို အခြောက်လှမ်းပြီး အဆင်ပြေသလို စားလို့ရပါတယ်။