[Unicode]

အမျိုးသားရော အမျိုးသမီးတွေမှာပါ အဓိကကြုံတွေ့ရတာက ဝမ်းဗိုက်မှာ အဆီတွေစုနေတာပါပဲ။ အခုလို အဆီစုနေတာတွေကို အလွယ်တကူလျှော့ချနိုင်ဖို့ အဆီကျဆေးသောက်တာကလည်း ဘေးဥပါဒ်မကင်းတော့ သဘာဝဖျော်ရည်ကို ရွေးချယ်သောက်သုံးသင့်ပါတယ်။

တချို့သူတွေက ကယ်လိုရီများတဲ့ အမြန်စားအစားတွေ၊ တခြားအစားစာတွေကိုကြိုက်တာကြောင့် အဝလွန်စေတာပါ။ အစားအလွန်စားတတ်တဲ့ အကျင့်ဆိုးတွေလည်းရှိပြန်ပါတယ်။ ဒီတော့ အစားစာချင်စိတ်ကို လျှော့ချဖို့လိုသလို ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးဖို့လည်းလိုအပ်ပါတယ်။

ဒါ့အပြင် အစာချေစနစ်ကိုကောင်းမွန်စေပြီး အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးမယ် သဘာဝဖျော်ရည်ကိုလည်း သောက်သုံးပေးသင့်ပါတယ်။ အခုဒီဖျော်ရည်ပြုလုပ်နည်းကို မျှဝေပေးသွားမှာပါ။

ပါဝင်ပစ္စည်း

shutterstock_146471507

ရေ ၂ လီတာ

65f47aea0bd2c273dc6c4d23901c06eac5d672ec

တောက်တောက်စဉ်းထားတဲ့ (သို့) ခြစ်ထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း

Cucumber and slices isolated over white background.

သခွာသီး ၁ လုံး

Can-Mint-Leaves-Help-Cure-Acne-Scars

ပူစီနံရွက် ၁၂ ရွက်

lemon-juice

သံပုယိုသီး ၁ လုံး

ပြင်ဆင်ခြင်း

1-77

ရေဆူဆူသည်ထားတဲ့ ခွက်ထဲကို ပူစီနံရွက်ထည့်ပေးပါ။ ပြီးရင် ၅ မိနစ်လောက်ထားပြီး အိုးပေါ်ကချပါ။ သံပုယိုသီးကိုယူပြီးအရည်ညစ်ပါ။ ပြီးရင် သံပုယိုသီးအခွံကို ခြစ်ထားပေးပါ။

တတိယအဆင့်ကတော့ သခွားသီးကို အခွနွှာပြီး ပါးပါးလှီးပေးပါ။ ပြီးရင် သံပုယိုရည်နဲ့ ပူစီနံပြုတ်ရည်ထည့်ပေးပါ။

အဲဒီနောက် ရေ ၂ လီတာကို ကရားတစ်လုံးထဲထည့်ပြီးအဲဒီထဲကို ပူစံနံပြုတ်ရည်၊ သံပုယိုရည် နဲ့ သခွားသီးစတာတွေကိုထည့်ပေးပါ။ အားလုံးကို သမအောင်မွှေပေးပြီး ဂျင်းနဲ့ ခုဏကလှီးထုတ်ထားတဲ့ သံပုယိုသီးအခွံကိုထည့်ပေးပါ။

အသုံးပြုခြင်း

အဲဒီဖျော်ရည်ကို တစ်နေ့တည်းကုန်အောင်သောက်ပေးရမှာပါ။ နောက်တစ်နေ့သောက်ချင်ရင် နောက်တစ်နေ့မှ ထပ်လုပ်ပေးပါ။

[Zawgyi]

အမ်ိဳးသားေရာ အမ်ိဳးသမီးေတြမွာပါ အဓိကႀကံဳေတြ႔ရတာက ၀မ္းဗိုက္မွာ အဆီေတြစုေနတာပါပဲ။ အခုလို အဆီစုေနတာေတြကို အလြယ္တကူေလွ်ာ့ခ်ႏိုင္ဖို႔ အဆီက်ေဆးေသာက္တာကလည္း ေဘးဥပါဒ္မကင္းေတာ့ သဘာ၀ေဖ်ာ္ရည္ကို ေရြးခ်ယ္ေသာက္သံုးသင့္ပါတယ္။

တခ်ိဳ႕သူေတြက ကယ္လိုရီမ်ားတဲ့ အျမန္စားအစားေတြ၊ တျခားအစားစာေတြကိုႀကိဳက္တာေၾကာင့္ အ၀လြန္ေစတာပါ။ အစားအလြန္စားတတ္တဲ့ အက်င့္ဆိုးေတြလည္းရွိျပန္ပါတယ္။ ဒီေတာ့ အစားစာခ်င္စိတ္ကို ေလွ်ာ့ခ်ဖို႔လိုသလို ကိုယ္လက္ေလ့က်င့္ခန္းလုပ္ေပးဖို႔လည္းလိုအပ္ပါတယ္။

ဒါ့အျပင္ အစာေခ်စနစ္ကိုေကာင္းမြန္ေစၿပီး အဆိပ္အေတာက္ေတြကို ဖယ္ထုတ္ေပးမယ္ သဘာ၀ေဖ်ာ္ရည္ကိုလည္း ေသာက္သံုးေပးသင့္ပါတယ္။ အခုဒီေဖ်ာ္ရည္ျပဳလုပ္နည္းကို မွ်ေ၀ေပးသြားမွာပါ။

ပါ၀င္ပစၥည္း

shutterstock_146471507

ေရ ၂ လီတာ

65f47aea0bd2c273dc6c4d23901c06eac5d672ec

ေတာက္ေတာက္စဥ္းထားတဲ့ (သို႕) ျခစ္ထားတဲ့ ဂ်င္း လက္ဖက္ရည္ဇြန္း ၂ ဇြန္း

Cucumber and slices isolated over white background.

သခြာသီး ၁ လံုး

Can-Mint-Leaves-Help-Cure-Acne-Scars

ပူစီနံရြက္ ၁၂ ရြက္

lemon-juice

သံပုယိုသီး ၁ လံုး

ျပင္ဆင္ျခင္း

1-77

ေရဆူဆူသည္ထားတဲ့ ခြက္ထဲကို ပူစီနံရြက္ထည့္ေပးပါ။ ၿပီးရင္ ၅ မိနစ္ေလာက္ထားၿပီး အိုးေပၚကခ်ပါ။ သံပုယိုသီးကိုယူၿပီးအရည္ညစ္ပါ။ ၿပီးရင္ သံပုယိုသီးအခြံကို ျခစ္ထားေပးပါ။

တတိယအဆင့္ကေတာ့ သခြားသီးကို အခြႏႊာၿပီး ပါးပါးလွီးေပးပါ။ ၿပီးရင္ သံပုယိုရည္နဲ႔ ပူစီနံျပဳတ္ရည္ထည့္ေပးပါ။

အဲဒီေနာက္ ေရ ၂ လီတာကို ကရားတစ္လံုးထဲထည့္ၿပီးအဲဒီထဲကို ပူစံနံျပဳတ္ရည္၊ သံပုယိုရည္ နဲ႔ သခြားသီးစတာေတြကိုထည့္ေပးပါ။ အားလံုးကို သမေအာင္ေမႊေပးၿပီး ဂ်င္းနဲ႔ ခုဏကလွီးထုတ္ထားတဲ့ သံပုယိုသီးအခြံကိုထည့္ေပးပါ။

အသံုးျပဳျခင္း

အဲဒီေဖ်ာ္ရည္ကို တစ္ေန႔တည္းကုန္ေအာင္ေသာက္ေပးရမွာပါ။ ေနာက္တစ္ေန႔ေသာက္ခ်င္ရင္ ေနာက္တစ္ေန႔မွ ထပ္လုပ္ေပးပါ။