ခဝဲသီးကို ကြိုက်ကြရဲ့လားရှင့်။ ချက်ကောချက်စားဖြစ်ရဲ့လား။ ခဝဲသီးဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိတဲ့အသီးပါ။

ridgegourd2_625x350_51467272626

ခဝဲသီးကိုစားတာဟာ ကျန်းမာရးအကျိုးကျေးဇူးတွေများစွာရရှိနိုင်ပါတယ်။ အဲဒီထဲက အကျိုးကျေးဇူးအချို့ကို ဖော်ပြရရင်တော့။

အမျှင်ဓါတ်

ခဝဲသီးဟာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် သံဓါတ် သွပ်ဓါတ် မဂ္ဂနီဆီယမ်စတဲ့ သတ္တုဓါတ်တွေလည်း ကြွယ်ဝစွာပါဝင်လို့ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း

ဆားဓါတ် ကိုလက်စထရောနဲ့ ကယ်လိုရီပါဝင်မှုနည်းလို့ ကိုယ်အလေးချိန်ကျစေပါတယ်။

ဝမ်းချုပ်ခြင်းကိုသက်သာစေခြင်း

women-with-stomach-ache

ရေဓါတ်ကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်ပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်ခြင်းကိုသက်သာစေပြီး လိပ်ခေါင်းဖြစ်တာကိုလည်း ကာကွယ်ပေးပါတယ်။

သွေးတွင်းသကြားဓါတ်

diabetes-2

ခဝဲသီးဟာ သွေးတွင်းသကြားဓါတ်နဲ့ ဆီးတွင်းသကြားဓါတ်ပါဝင်မှုကိုလျှော့ချပေးနိုင်ပါတယ်။

အမြင်အာရုံ

They-Improve-Vision

ခဝဲသီးမှာ Beta-Carotene ကြွယ်ဝစွာပါဝင်လို့ အမြင်အာရုံကိုကြည်လင်စေပါတယ်။

သွေးသန့်စင်ပေးခြင်း

ခဝဲသီးဟာ သွေးကိုသန့်စင်ပေးနိုင်ပြီး အသည်းကိုကျန်းမာစေပါတယ်။ အရက်ကနေဖြစ်တဲ့ အဆိပ်အတောက်တွေကိုလည်း ကာကွယ်ပေးလို့ အသည်းကိုကျန်းမာစေပါတယ်။

ကိုယ်ခံအားစနစ်

Health-Benefits-Of-Ridge-Gourd

ခဝဲသီးဟာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ဘက်တီးရီးယားတွေအလွယ်တကူဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

အသားအရေအတွက်

သွေးကိုသန့်စင်ပေးနိုင်လို့ ဝက်ခြံနဲ့ အဖုအပိတ်တွေကင်းစင်စေပါတယ်။