အမျိုးသမီးတိုင်းက လစဉ်ဓမ္မတာလာခြင်းကို ပုံမှန်လိုမျိုးကြုံတွေ့နေကျပါ။ ဓမ္မတာပုံမှန်လာနေဖို့ကလည်း အရေးကြီးပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ သွေးတွေကိုလည်းသန့်စင်နေစေမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် မိန်းကလေးတွေက ရာသီချိန်နောက်ကျတာကို ဘာကြောင့်ဆိုတာမျိုးကို မစဉ်းစားတတ်ဖူးဖြစ်နေကြပါတယ်။

စိတ်ဖိစီးမှုများလွန်းခြင်း

သင့်စိတ်နေခံစားမှုကလည်း ဓမ္မတာလာတာနဲ့ ဆက်စပ်မှုတွေရှိနေတတ်ပါတယ်။ စိတ်ဖိစီးမှုတွေအရမ်းများလွန်းတဲ့အခါမှာ ဦးနှောက်ကလည်းပင်ပန်းနွယ်နယ်လာမယ်၊ ခန္ဓာကိုယ်အတွက် မ ျှတတဲ့ဟော်မုန်းဓာတ်တွေကို ညီမ ျှအောင်မထုတ်လုပ်ပေးနိုင်တဲ့အချိန်မှာ ရာသီစက်ဝန်းနောက်ကျတာမျိုးတွေ ရှိလာတတ်ပါတယ်။ စိတ်ဖိစီးမှုတွေများတယ်ဆိုတာ လူတိုင်းအတွက်ကောင်းတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ ဒါကြောင့် စိတ်ညစ်စရာအနည်းငယ်လောက်ရှိလာပြီဆိုရင် တရားထိုင်တာ၊ ယောဂလေ့ကျင့်တာမျိုးတွေနဲ့ စိတ်ကိုတည်ငြိမ်အောင် ကြိုးစားပေးသင့်ပါတယ်။

လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း

ပုံမှန်လေ့ကျင့်ခန်းလုပ်တာမျိုးမဟုတ်ပဲ ကိုယ်အလေးချိန်ကျချင်လွန်းတာကြောင့်ဖြစ်ဖြစ်၊ ကိုယ်အလေးချိန်တိုးဖို့အတွက်ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်တာမျိုးတွေကလည်း ဟော်မုန်းကိုမညီညွတ်စေတော့ပဲ လတိုင်းအတွက်ပုံမှန်လာရမယ့် ဓမ္မရက်ကနောက်ကျသွားမှာပဲဖြစ်ပါတယ်။

အရက်သေစာသောက်စားခြင်း

အခုနောက်ပိုင်း ဒီလိုအရာမျိုးတွေက မိန်းကလေးယောက်ျားလေးသိပ်ပြီးတော့ မခွဲကြတော့ပါဘူး။ Social ကျတဲ့ကောင်မလေးတွေကတော့ ဒီလိုပဲသောက်သောက်စားစားနေပေမယ့် ကျန်းမာရေးဘက်ကိုလည်း ပြန်ပြီးတော့ကြည့်ပေးသင့်ပါတယ်။ အရက်သောက်တာကြောင့် ရာသီချိန်ကိုနောက်ကျသွားစေနိုင်တာမျိုးတွေ ရှိသေးတယ်ဆိုတာကိုလည်း မေ့ထားလို့မရပါဘူးနော်။

အစားလျော့စားခြင်း

ကိုယ်အလေးချိန်လျော့ကျချင်တာကြောင့် အစားစာတွေကိုလျော့စားတာမျိုးတွေက မှန်ကန်တဲ့နည်းလမ်းမျိုးတော့မဟုတ်ပါဘူး။ ပုံမှန်လေးစားပြီး ဝိတ်လျော့တာမျိုးမဟုတ်ပဲ အစားအသောက်တွေကိုလျော့ချပြီး ကိုယ်အလေးချိန်လျော့ချတာက ကျန်းမာရေးကိုထိခိုက်မှုတွေလည်း ရှိလာနိုင်ပါတယ်။

Photo Source: Unsplash