ကလေးတွေ စားသောက်တဲ့ နေ့လယ်စာထဲမှာ အသင့်စား အစားအစာတွေ တစ်မျိုး နှစ်မျိုးလောက် ပါဝင်နေခြင်းက ချက်ခြင်းကြီးတော့ မထိခိုက်နိုင်ပေမယ့် ရေရှည်မှာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စု ၂၀၁၅ ခုနှစ်က ကလေးတွေရဲ့ နေ့လယ်စာနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတစ်ရပ် ထုတ်ခဲ့ပါတယ်။ ဒါကတော့ ကျောင်းတွေမှာ ကျွေးတဲ့၊ ကျောင်းတွေကို ယူလာတဲ့ ကလေးတွေရဲ့ နေ့လည်စာတွေမှာ အဟာရပြည့်ပြည့်၀၀ ပါဝင်ဖို့ဘဲဖြစ်ပါတယ်။

နေ့လည်စာ ထမင်းဗူး အရည်အသွေး

အမေရိကန်ပြည်ထောင်စု အစိုးရက နိုင်ငံလုံးဆိုင်ရာ နေ့လယ်စာနဲ့ ကျောင်းမှာကျွေးတဲ့ မနက်စာ အစီအစဉ်တွေကို ပြန်လည် စစ်ဆေးသုံးသပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ကလေးတွေကို အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို မဖြစ်မနေ ကျွေးဖို့ အစာအုပ်စု အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ပြီးနောက် ဆန်၊ ဂျုံ တို့ကို ကျွေးဖို့နဲ့ အစားအစာတွေမှာ ဆိုဒီယမ်နဲ့ အဆီဓာတ်တွေ လျော့ချဖို့လည်းသတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် အစိုးရ သတ်မှတ်တဲ့အတိုင်း ကျောင်းတွေကလည်း လိုက်နာမှု အားနည်းသလို ကျောင်းသားတိုင်းလည်း ကျောင်းတွေက ပံ့ပိုးပေးတဲ့ အဟာရ ရှိတဲ့ နေ့လည်စာကို စားကြတာမဟုတ်ပါဘူး။

3

အဝလွန်ခြင်းနဲ့ တခြား ကိုယ်အလေးချိန်ဆိုင်ရာ ပြဿနာများ

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေ့လယ်စာ စားသုံးခြင်းရဲ့ အဓိက ဆိုးကျိုးက အဝလွန်ခြင်းတွေ ဖြစ်လာတာပါဘဲ။ ကိုယ်အလေးချိန် ထိန်းချုပ်ရေးဆိုင်ရာ ကွန်ယက်ရဲ့ သုတေသနပြုချက်အရ အမေရိကန်ပြည်ထောင်စုမှာ ကလေးနဲ့ ဆယ်ကျော်သက် အားလုံးရဲ့ ၃ ပုံ၁ ပုံက အဝလွန်နေပါတယ်။

အစိုးရက ကလေးတွေရဲ့ နေ့လည်စာမှာ ကယ်လိုရီပါဝင်မှုနှုန်းနည်းအောင် ဆောင်ရွက်ခိုင်းပေမယ့်လည်း တချို့ကျောင်းတွေက ကလေးတွေကို ပြင်ပ ကယ်လိုရီများတ၊ဲ့ သကြားများတဲ့ နဲ့ ဆိုဒီယမ်များတဲ့ အစားအစာတွေ ယူဆောင်ဖို့ ခွင့်ပြုနေတာကြောင့် အခုလို တစ်နိုင်ငံလုံး အဝလွန်ကလေးတွေ များနေတာဖြစ်ပါတယ်။

2

ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ

အဟာရ မရှိတဲ့ နေ့လယ်စာကို စားသုံးတဲ့ ကလေးတွေက ကိုယ်အလေးချိန်မြင့်တက်ရုံတင်မကဘဲ တခြား ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ ကလေးတွေက အဆီဓာတ်၊ သကြားဓာတ်၊ ဆိုဒီယမ် ဓာတ် များတဲ့ အစားအစာများ ဒါမှမဟုတ် အသင့်စားအစားအစာများ၊ ဗီတာမင်နဲ့ သတ္တုဓာတ် နည်းပါးတဲ့ အစားအစာတွေ စားသုံးမှုများပြားခဲ့ရင် နာတာရှည် ရောဂါတွေဖြစ်ပွားနိုင်ပါတယ်။ ဥပမာ ဆီးချို၊ ကျောက်ကပ်၊ ကျောက်တည်၊ အရိုးကျိုး လွယ်ခြင်း၊ ကင်ဆာနဲ့ နှလုံးရောဂါဆိုင်ရာတွေ ဖြစ်ပွားနိုင်ပါတယ်။ တက်ကြွပြီး ဆော့ကစားနေတဲ့ ကလေးတွေက တခြား သာမန်ကလေးတွေထက် ကယ်လိုရီ လောင်ကျွမ်းအားကောင်းတာကြောင့် ခွန်အားရှိတဲ့ အစားအစာတွေ ကျွေးဖို့လိုအပ်ပါတယ်။ မဟုတ်ရင်တော့ အားကစားလုပ်ချိန်မှာ မူးမော်တာ၊ မောပန်းတွေ ဖြစ်နိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုး

အဟာရ ပြည့်ဝတဲ့ အစားအစာတွေ စားသုံးခြင်းက ကျောင်းစာတွေအပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ အဟာရ ပြည့်ပြည့်၀၀ မရတဲ့ကလေးက ကျောင်းစာတွေ သင်ယူရာမှာလည်း သူများထက်ပိုခက်ခဲ ကြိုးစားရပြီး စာမေးပွဲတွေမှာလည်း အမှတ်နည်းလေ့ရှိတတ်ပါတယ်။

အဟာရပြည့်ဝတဲ့ နေ့လယ်စာမစားရတဲ့ကလေးက တခြား ကလေးတွေထက် IQ ရမှတ်မှာ နည်းပါးပြီး၊ မှတ်ဉာဏ်စွမ်းရည်၊ ပေါင်းသင်းဆက်ဆံမှု စွမ်းရည်၊ ဘာသာစကား စွမ်းရည်စတာတွေမှာလည်း နည်းပါးတတ်တယ်လို့ ၂၀၁၂ ခုနှစ်က အဟာရပညာရှင် တီမီ ဂူဖက်ဆန် ရဲ့ စာတမ်းအရ တွေ့ရပါတယ်။

အဟာရ ပြည့်ပြည့်၀၀ မရတဲ့ ကလေးဟာ သာမန်ထက်ပိုပြီး ဒေါသကြီးတတ်ပြီး၊ သည်းခံမှု နည်းပါးကာ IQ စစ်ဆေးမှုတွေမှာလည်း အမှတ်နည်းလေ့ရှိတယ်လို့ ဗြိတိန် အဟာရဆိုင်ရာ ဂျာနယ်ကလည်း ရေးသားထားပါတယ်။

1

အဲ့ဒါကြောင့်မို့ ကလေးတွေရဲ့ ထမင်းဗူးမှာ ထမင်း၊ဟင်း ဒါမှမဟုတ် ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာ အပြင် ဟင်းသီးဟင်းရွက် အသီးအနှံ နဲ့ နွားနို့၊ MILO တို့လို အဟာရ ရှိတဲ့ အစားအစာတွေ ထည့်ပေးဖို့ လိုအပ်ပါတယ်။

DSC08571

MILO

ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဉာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ MILO က ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဉာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။