ကျွန်မတို့ မြတ်နိုးတန်ဖိုးထားရတဲ့ မိသားစုဘ၀ သာယာပျော်ရွှင်ဖို့ သွေးတိုးရောဂါ ကင်းဝေးဖို့လိုပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးတိုးရောဂါ အနည်းနဲ့ အများဆိုသလို ခံစားရကြပါတယ်။ သွေးတိုးရောဂါရှိသူတွေဟာ အစားအစာကို အထူးဂရုစိုက်စားသုံးဖို့လိုအပ်ပါတယ်။

အသက်ရလာတဲ့သူတွေသာမက အလုပ်များတဲ့သူတွေ စိတ်ဖိစီးမှုများတဲ့သူတွေမှာလည်း သွေးတိုးဖြစ်ပေါ်တတ်ပါတယ်။ သွေးတိုးတဲ့သူတွေ အတွက်ရော သွေးကျတဲ့သူတွေအတွက်ပဲဖြစ်ဖြစ် အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ နဲ့ သံပုယိုသီး (သွေးတိုးရှိသူများ)

ကြက်သွန်နီကိုယူပြီး အခွံနွှာကာ အတုံးလိုက်လှီးလိုက်ပါ။ ပြီးရင် ငရုတ်ကောင်း ကြက်သွန်ဖြူနဲ့ သံပုယိုရည်ကို ထည့်ပါ။ ပါဝင်ပစ္စည်းအားလုံးကို သေချာမွှေလိုက်ပြီး ဖန်ခွက်ထဲ ရေထည့်ကာ ၁ ညလောက် စိမ်ထားပါ။ မနက်မိုးလင်းရင် ဇကာနဲ့ ရေစစ်ပြီး လက်ဖက်ရည်ဇွန်း ၁ ဇွန်းလောက် သောက်ပေးပါ။ တစ်ခါလုပ်ရင် ၉ ရက်သောက်ပါ။

သံလွင်ရွက် (သွေးပေါင်ချိန်ကိုထိန်းညှိပေးခြင်း)

သံလွင်ရွက်တွေကို ကျန်းမာရေးအတွက် နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ ဒီတစ်ခါမှာတော့ သံလွင်ရွက်လက်တစ်ဆုပ်စာကို ရေနဲ့ ဆူဆူသည်ပေးပြီး ခွက်ထဲမှာထည့်ထားပါ။ အနည်းဆုံး ၁ ခွက် (သို့) ၂ ခွက် နေ့စဉ်သောက်ပါ။ သွေးဖိအားကို ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။

ခရမ်းသီး (သွေးပေါင်ကျသူများ)

ပထမဆုံး ခရမ်းသီးကိုရေဆေးပါ။ ပြီးရင် အတုံးသေးသေးလေးလှီးလိုက်ပါ။ ဖျော်စက်ထဲထည့်ပြီး ရေတစ်ခွက်ထည့်ကာ ဖျော်ပေးပါ။ ပြီးရင် မနက်စာမစားခင် ၁၀ မိနစ်အလိုမှာသောက်ပေးပါ။ သွေးတိုးတဲ့သူတွေကတော့ ဒီနည်းလမ်းနဲ့ မသင့်တော်ပါဘူး။ သွေးပေါင်ကျတဲ့သူတွေအတွက် ဒီနည်းလမ်းကို မျှဝေလိက်တာပါ။

သရက်ရွက် (သွေးတိုးရှိသူများ)

သရက်ရွက်ဟာ သွေးတိုးသူတွေအတွက် အထူးကောင်းမွန်ပါတယ်။ သရက်ရွက် ၂ ရွက်လောက်ကို ရေနွေးထဲထည့်ပြီး အဖုံးဖုံးထားပါ။ အေးတဲ့ထိထားပြီးရင် တစ်ရက်ကို ၂ ခွက်လောက်သောက်ပေးပါ။ ၃ ရက်ဆက်တိုက်သောက်ပေးရပါမယ်။

Spinach ရွက်နဲ့ သံပုယိုသီး (သွေးတိုးရှိသူများ)

Spinach ရွက် ၅၀ ဂရမ်ကို ရေဆေးပြီး ပါးပါးလှီးလိုက်ပါ။ ပြီးရင် သံပုယိုသီး ၁ လုံးကို အရည်ညှစ်ပြီးသား၊ ပျားရည်စားပွဲတင်ဇွန်း၁ဇွန်း ရေ ခွက်နဲ့ Spinach ရွက်ကို ဖျော်စက်ထဲထည့်ပြီး ဖျော်ပေးပါ။ ၃ ရက် တစ်ကြိမ်သောက်ပေးပါ။ သွေးတိုးသူတွေအတွက် အထူးသင့်တော်ပါတယ်။