စွံပလွံသီးမှာ အမျှင်ဓါတ်များစွာပါဝင်ပြီး အစာချေစနစ်ကိုကောင်းမွန်စေတဲ့ အဟာရဓါတ်များစွာပါဝင်ပါတယ်။ စွံပလွံသီးမှာ သဘာဝသကြားဓါတ်များစွာပါဝင်ပြီး ကျန်းမာရေးနဲ့မညီညွှတ်တဲ့ သကြားတွေနေရာမှာ အစားထိုးစားသုံးနိုင်တဲ့အသီးမျိုးပါ။ အရသာရှိပြီ လူကြိုက်လည်းများပါတယ်။ ဗီတာမင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါကောင်းမွန်ပါတယ်။ သွေးအားနည်းရောဂါ ကိုလက်စထရော ကင်ဆာနဲ့ တခြားရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်တဲ့အသီးပါ။

Medjool-dates-010

အကျိုးကျေးဇူးတွေကို ပြောရရင်တော့

သံဓာတ်ပါဝင်မှု

သွေအားနည်းတဲ့သူတွေအနေနဲ့ စွံပလွံသီးကိုစားပေးသင့်ပါတယ်။ စွံပလွံသီးမှာ သံဓာတ်ကြွာ်ဝစွာပါဝင်လို့ သွေးနီဆဲလ်တွေကို တိုးပွားစေပါတယ်။ လူငယ်တွေ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ စားပေးသင့်တဲ့အသီးတစ်မျိုးပါပဲ။

ဗီတာမင်

See-what-happens-to-your-body-when-you-eat-dates-every-day.

အမြင်အာရုံကိုကြည်လင်ကောင်းမွန်စေပြီး လူတိန်းဓါတ် နဲ့ Zeaxantine ပါဝင်ပါတယ်။ ဒါ့ကြောင့် မြင်လွှာ (Retina) ၊ အာရုံခံအကွက်ငယ် Macula (မက်ကျ ူ လာ) နဲ့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ အသက်အရွယ်ရလာလို့ အာရုံခံအကွက်ငယ်ထိခိုက်မှုကို ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် အမြင်အာရုံကောင်းမွန်စေဖို့ စွံပလွံသီးကို စားပေးပါ။

ဝမ်းပျက်ခြင်း

အစာချေစနစ်အတွက် အလွန်အရေးကြီးတဲ့ ကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး ဝမ်းပျက်ခြင်းကို ကာကွယ်ပေးပါတယ်။ အူလမ်းကြောင်းကိုလည်း ကျန်းမာစေပါတယ်။ ပုံမှန်စားသုံးပေးရင် ဝမ်းဗိုက်နဲ့ အူမကြီးမှာရှိတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

ဝမ်းချုပ်ခြင်းကိုမဖြစ်စေခြင်း

အစာချေစနစ်ပိုမိုလျင်မြန်ကောင်းမွန်ပြီး အဆိပ်အတောက်ဖယ်ရှားပေးလို့ ဝမ်းချုပ်မှုကို မဖြစ်စေပါဘူး။ ညဖက်မှာ စွံပလွံသီးကိုအနည်းငယ်စားပေးပြီး ရေတစ်ခွက်သောက်ကာ အိပ်ယာဝင်လိုက်ပါ။ ဝမ်းမှန်စေပါတယ်။

ကလေးမွေးဖွားမှုကိုလွယ်ကူစေခြင်း

Capture-16-e14761384138892

လေ့လာတွေ့ရှိမှုအရ စွံပလွံသီးစားတဲ့ အမျိုးသမီးတွေဟာ မစားတဲ့သူတွေထက် ကလေးမွေးဖွားရတာ ပိုလွယ်ကူတယ်လို့ဆိုပါတယ်။ ဒါ့အပြင် နို့ထွက်ကောင်းစေပြီး စိတ်ဖိစီးမှုကိုလည်းလျှော့ကျစေတဲ့အသီးဖြစ်ပါတယ်။ နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့လည်း စွံပလွံသီးကို စားပေးပါ။