Anti-Carcinogenic သတ္တိပါဝင်တဲ့ အသီးအနှံတွေက ကင်ဆာဆဲလ်တွေကို ဘေးထွက်ဆိုးကျိုးမရှိဘဲ ဖျက်ဆီးပေးနိုင်ပါတယ်။ အဲ့ဒီအစားအစာတွေကတော့ ဘလူးဘယ်ရီ၊ ဝိုင်အနီ၊ အမည်းရောင် ချောကလပ်၊ နနွင်း၊ ခရမ်းချဉ်သီး တို့ဖြစ်ပါတယ်။

ဘလူးဘယ်ရီ နဲ့ Raspberries

bl-600x450

ဘလူးဘယ်ရီနဲ့ Raspberries သီးတွေမှာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့ သတ္တိတွေနဲ့ တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးပါဝင်ပါတယ်။

ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်တဲ့ Phytochemicals ဓာတ်တွေပါဝင်ပါတယ်။ ဒီဘလူးဘယ်ရီနဲ့ Raspberries အသီးတွေက မျိုးဥပြွန်ကင်ဆာရောဂါကိုလည်း ပိုပြီးထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

ဝိုင်အနီ

Dark-red-wine

ဝိုင်အနီမှာ Antioxidant တွေအများကြီးပါဝင်ပြီး ကင်ဆာရောဂါမဖြစ်ပွားအောင်လည်း ကာကွယ်ပေးပါတယ်။ ဝိုင်အနီမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ကွန်ပေါင်းဓာတ်တွေပါဝင်ပြီး အဲ့ဒီဓာတ်က ကင်ဆာဆဲလ်တွေ ကြီးထွားမှုနှုန်းကို တားမြစ်နိုင်ပြီး ခန္ဓာကိုယ်ထဲရှိ ဆဲလ်တွေကို စွမ်းအင်တွေပေးနိုင်ကာ အန္တရာယ်ရှိတဲ့ Free Radicals တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အနက်ရောင် ချောကလက်

kávé_csokoládé

လူတော်တော်များများက ချောကလက်ကို ကြိုက်နှစ်သက်ကြပါတယ်။ ချောကလက်က အရသာရှိပြီး ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ သင့်စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး ကင်ဆာဆဲလ်တွေကို ကာကွယ်ပေးရမှာလည်း အစွမ်းထက်ပါတယ်။

နနွင်း

tur

နနွင်းမှာ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပြီး ရောင်ရမ်းတာတွေကို လျော့ပါးစေတဲ့ဓာတ်တွေပါဝင်ပါတယ်။ အဲ့ဒီအပြင် အဆီတွေကိုလည်း လောင်ကျွမ်းစေပါတယ်။

ခရမ်းချဉ်သီး

tomato

ဟားဗတ်တက္ကသိုလ်က ဆီးကျိတ်ကင်ဆာ နဲ့ ပတ်သက်ပြီး သုတေသနတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ တစ်လကို ခရမ်းချဉ်သီး ၅ ခါထက်မနည်း စားသုံးသူတွေက ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ချေ ၅၀ ရာခိုင်နှုန်းလျော့နည်းသွားတာကို တွေ့ရှိခဲ့ရပါတယ်။

ခရမ်းချဉ်သီးမှာ ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ဓာတ်တွေအပြင် အစာခြေစနစ်ကို ကောင်းစေပြီး အပူချိန်များများနဲ့ချက်ရင် ဗီတာမင်စီ ပါဝင်မှုကိုတောင် တိုးစေပါတယ်။