ကိုယ်စားသုံးလိုက်တဲ့ အစားအစာတွေက ကိုယ့်ခန္ဓာကိုယ်အပေါ်အများကြီး သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဘယ်အစားအစာတွေက ဘယ်အချိန်မှာ စားရမယ်ဆိုတာ သိရှိဖို့ အရေးကြီးပါတယ်။

ချောကလက်

မနက်စာမှာ ချောကလက် အနည်းငယ်ကိုထည့်စားရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Antioxidant တွေရရှိပြီး အရွယ်တင်နုပျိုစေကာ နှလုံးကျန်းမာရေးအတွက်လည်းကောင်းပါတယ်။

ဒါပေမယ့် တစ်နေ့ကို ချောကလက် ဝ.၈ အောင်စ (၂၅ ဂရမ်)ထက်ပိုများများ စားရင် ခန္ဓာကိုယ်မှာ အဆီတွေဖြစ်လာတတ်ပါတယ်။

အသား

အသားတွေကို နေ့လည်စာမှာဘဲ များများစားသင့်ပါတယ်။ အသားမှာသံဓာတ်တွေအဓိကပါဝင်ပြီး ဆဲလ်တွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို အောက်စီဂျင်ရရှိအောင်လုပ်ဆောင်ပေးပါတယ်။

ဒါပေမယ့် အသားတွေက အစာချေဖို့ အချိန် ၅နာရီလောက်လိုတာကြောင့် အိပ်ခါနီးမှ အသားတွေ စားရင် အစာခြေစနစ်ကို ထိခိုက်စေပါတယ်။

အခွံမာအသီးများ

နေ့လည်စာ စားချိန်မှာ အခွံမာအသီး လက်တစ်ဆုပ်စာ (၁အောင်စ သို့မဟုတ် ၃၀ ဂရမ်) စားပေးရင် ခန္ဓာကိုယ်က လိုအပ်တဲ့ Omega-3 ကိုဖြည့်တင်းပေးနိုင်ပြီး သွေးဖိအားကိုထိန်းညှိပေးကာ အဆုတ်အတွက်လည်းကောင်းပါတယ်။

ဒါပေမယ့် အခွံမာအသီးတွေက ကယ်လိုရီနဲ့အဆီဓာတ်ပါဝင်မှုများတာကြောင့် ညစာမှာစားရင် ကိုယ်အလေးချိန် တက်စေပါတယ်။

လိမ္မော်သီး

လိမ္မော်သီးက ခန္ဓာကိုယ်မှာရှိတဲ့ အစာခြေစနစ်ကို အားကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်ကို ကူညီထောက်ပံ့ပေးပါတယ်။

ဗိုက်ထဲမှာ အစာမရှိခင်မှာ လိမ္မော်သီးစားရင် အစာအိမ်အချဉ်ပေါက်၊ ဗိုက်နာတာ တို့ဖြစ်တတ်ပါတယ်။