Brew Coffee

Cold-Brew-Coffee-HowTo-14-908x605

ပလိန်းကော်ဖီတွေဟာ ကဖိန်းဓာတ်ပါဝင်မှုပိုများပါတယ်။ ကော်ဖီတစ်ခွက်မှာ ကဖိန်းဓာတ် 100 mg ထက်ပိုပြီး ပါဝင်ပါတယ်။ တချို့ Ice Coffee တွေမှာလည်း ကဖိန်းဓာတ်ပိုများလေ့ရှိပါတယ်။ ကော်ဖီရဲ့ အာနိသင်ပြဖို့ မိနစ် ၂၀ လောက် စောင့်ရလေ့ရှိပါတယ်။ တစ်နေ့ကို ကော်ဖီ ၄ ခွက်လောက် သောက်ရင် ညအိပ်မပျော်တာ၊ ကတုန်ကယင်ဖြစ်တာတွေဖြစ်တတ်ပါတယ်။

Espresso

GettyImages-540712457-56a499265f9b58b7d0d7bc49

Espresso ကော်ဖီကလည်း ရေနည်းနည်းနဲ့ဖျော်တဲ့ ကော်ဖီဖြစ်တာကြောင့် ကဖိန်းဓာတ်ပါဝင်မှုပိုများပါတယ်။ ကော်ဖီ ၁ အောင်စမှာ 50 mg ကဖိန်းဓာတ်ပါဝင်ပါတယ်။

ဆိုဒါအချိုရည်

နေ့လည်ပိုင်းမှာ သင့်ကို လန်းဆန်းစေတဲ့ ဆိုဒါအချိုရည်တွေမှာ ကဖိန်းဓာတ်ပါဝင်မှုများပါတယ်။ ဆိုဒါအချိုရည် ၁ခွက်မှာ ကဖိန်းဓာတ် 30 mg ပါဝင်နေပါတယ်။

ခွန်အားဖြည့် အချိုရည်

The-world-s-unquenchable-thirst-for-energy-drinks_wrbm_large

ခွန်အားဖြည့် အချိုရည်တွေမှာ ကဖိန်းဓာတ်တွေနဲ့သကြားဓာတ်တွေ ပေါင်းပြီး ထုတ်လုပ်ထားတာပါ။ ကဖိန်းဓာတ်က အာရုံစူးစိုက်မှုအားကောင်းပြီး စွမ်းအင်ကို မြှင့်တင်နိုင်တာကြောင့် ခွန်အားဖြည့် အချိုရည်တွေထဲမှာ အဓိကပါဝင်ပါတယ်။

အမည်းရောင် ချောကလပ်

dark-cholate

အမည်းရောင် ချောကလပ်တွေက အားအင်ကို မြှင့်တင်ပေးပြီး နိုင်ပါတယ်။ အမည်းရောင် ချောကလပ် တစ်ပြားမှာ ကဖိန်းဓာတ် 20 mg ပါဝင်ပါတယ်။