ဦးနှောက်ကျန်းမာရေးက လူတစ်ယောက်အတွက် သိပ်ကိုအရေးကြီးပါတယ်နော်။ ဦးနှောက်ကလည်း ကြွက်သားတွေလိုပါပဲ။ ဦးနှောက်ထက်ဖို့ ကျန်းမာရေးကောင်းဖို့ နေ့တိုင်းလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။ စိတ်ဖိစီးမှုများတာ ဝမ်းနည်တာ သောကရောက်တာတွေဟာ ဦးနှောက်ကျန်းမာရေးအတွက် မကောင်းပါဘူး။

ဦးနှောက်ကျန်းမာဖို့အတွက် အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေလိုအပ်ပါတယ်။ ဦးနှောက်ကျန်းမာရေးကို ဂရုမစိုက်ဘူးဆိုရင်တော့ နောက်ပိုင်းမှာ မှတ်ဉာဏ်ချို့ယွင်းတာ၊ သူငယ်ပြန်တာမျိုး ဖြစ်စေပါတယ်။ ဦးနှောက်ကျန်းမာရေးအတွက် ပဟေဠိဂိမ်းတွေ ကစားပေးသင့်သလို အဟာရပြည့်ဝတဲ့အစားအစာတွေ စားပေးသင့်ပါတယ်။ ဦးနှောက်အတွင်း အောက်ဆီဂျင်အပြည့်ရဖို့အတွက် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။

ဝိတ်တုံးသေးသေးလေးနှစ်ခုကိုမပြီး လမ်းလျှောက်ပေးပါ။

တစ်နေ့ကို နာရီဝက်လောက်အနည်းဆုံး လမ်းလျှောက်ပေးသင့်ပါတယ်။ လမ်းလျှောက်တာဟာ နှလုံးကိုကျန်းမာစေသလို ဦးနှောက်အတွင်းကိုလည်း အောက်ဆီဂျင်အပြည့်ရစေပါတယ်။ ဝိတ်တုံးသေးသေးလေးကို မပြီး ခပ်မြန်မြန်လေး လမ်းလျှောက်ပေးမယ်ဆိုရင် လက်မောင်းသားတွေကိုလည်းလှစေမှာပါ။ ဒါ့အပြင် မှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။

ကပေးပါ။

Zumba အကပဲဖြစ်ဖြစ် Aerobic အကပဲဖြစ်ဖြစ် အကတစ်မျိုးမျိုးကိုကပေးပါ။ အခုလို အကကပေးတာဟာ သင့်ဦးနှောက်ကျန်းမာရေးအတွက်အထူးကောင်းမွန်သလို ခန္ဓာကိုယ်အချိုးအစားကိုလည်း လှပစေပါတယ်။

ရေထဲမှာ လေ့ကျင့်ခန်းလုပ်မယ်။

ရေကူးတာတစ်ခုတည်းကိုပဲဆိုလိုတာမဟုတ်ပါဘူး။ ရေထဲမှာ လေ့ကျင့်ခန်းလုပ်တာ အားကစားလုပ်တာမျိုးလုပ်ပေးတာဟာ  ကယ်လိုရီတွေကိုလောင်ကျွမ်းစေသလို ဦးနှောက်ကျန်းမာရေးအတွက်လည်းကောင်းမွန်ပါတယ်။