အခုခေတ်မှာ ကင်ဆာရောဂါကို လူတွေတော်တော်များများ ဖြစ်လာကြပါတယ်။ လူနေမှုပုံစံတွေပြောင်းလဲတာ၊ အစားအသောက်ပုံစံ ပြောင်းလဲလာတာတွေက ကင်ဆာရောဂါဖြစ်ပွားမှုကို တိုးမြင့်စေပါတယ်။

ဒါကြောင့် ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ အကောင်းဆုံး အစားအစာများကို ဝေမျှချင်ပါတယ်။

လတ်ဆတ်ပြီး ဓာတုဆေးဝါးကင်းတဲ့ အစားအစားများ

အရေးကြီးတာတော့ ကိုယ်စားနေကျ အစားအစာတွေမှာ ဓာတုဆေးဝါးကင်းပြီး လတ်ဆတ်ဖို့လိုပါတယ်။

  • ဓာတု ဆေးဝါးကင်းတဲ့ အသီးအရွက်စိမ်းတွေ၊ အသီးအနှံတွေ၊ အခွံမာသီးတွေ နဲ့ ကောက်ပဲသီးနှံတွေကို ဦးစားပေး စားသုံးပေးပါ။
  • ပဲတွေ၊ ဆေးဘက်ဝင်အပင်တွေနဲ့ သံလွင်ဆီတို့ကို စားပေးပါ။
  • ကြက်ဥတွေနဲ့ ငါးတွေကိုလည်း စားပေးပါ။

ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဆီကြော် အစားအစာတွေ၊ ပြင်ဆင်ထားတဲ့ သကြားတွေကို လျော့စားပါ။ အသားငါးတွေထက် အသီးအနှံ၊ ဟင်းသီးဟင်းရွက်တို့ကို စားပေးပါ။

ဆေးလိပ်သောက်ခြင်း၊ အရက်သေစာ သောက်စားခြင်းတို့ကလည်း သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် ပြဿနာတွေနဲ့ ကင်ဆာတွေကို ဖြစ်နိုင်တဲ့ နှုန်းကို မြင့်တက်စေပါတယ်။

ကင်ဆာကို ကာကွယ်နိုင်တဲ့ အစားအစာများ

ကင်ဆာရောဂါကို ရာနှုန်းပြည့် ကာကွယ်နိုင်တဲ့ အစားအစာဆိုတာ မရှိပါဘူး။ ကင်ဆာ က ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ (ဥပမာအားဖြင့် မျိုးရိုးလိုက်ပါတယ်)။

ဒါပေမယ့် ကင်ဆာဖြစ်ပွားနိုင်တဲ့ ရာခိုင်နှုန်းကိုတော့ လျော့ချလို့ရပါတယ်။

နေ့တိုင်းနီးပါး နာရီဝက်လောက် အားကစားလုပ်တာ၊ စိတ်ဖိစီးမှုကို လျော့ချတာနဲ့ ကင်ဆာ ကာကွယ်နိုင်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေစားတာဘဲဖြစ်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက ကင်ဆာရောဂါကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ ပန်းဂေါ်ဖီစိမ်းတင်မကပါဘူး သူ့မျိုးနွယ်ဝင်ပန်းဂေါ်ဖီ တို့ ဂေါ်ဖီထုပ်တို့ကလည်း ကင်ဆာ ရောဂါကို ကာကွယ်နိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်တို့ စားသုံးရင် ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီး ကင်ဆာ နဲ့ ဆီးအိမ်ကင်ဆာတို့ကို သက်သာစေပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ antiseptic ဓာတ်တွေပါဝင်ပါတယ်။ မနက်စာစားတဲ့အချိန်မှာ အစိမ်းစားပေးရင် ပိုပြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ လည်ပင်း၊ ပါးစပ်၊ အစာအိမ် နဲ့ အူမကြီး ကင်ဆာတို့ကို ကာကွယ်ပေးပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက ခန္ဓာကိုယ်ထဲရှိ ကင်ဆာဖြစ်စေတဲ့ Free Radicals တွေကို သန့်စင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးစားတဲ့ အမျိုးသားတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုကို လျော့ကျစေပါတယ်။

Green Tea

Green Tea မှာ EGCG ဆိုတဲ့ စွမ်းအားပြင်းတဲ့ Antioxidant ပါဝင်ပါတယ်။ Antioxidant တွေက အကျိတ်ဖြစ်ပေါ်မှုကို တားမြစ်ပေးပြီး မျိုးရိုးဗီဇ ထိခိုက်မှုကို ရပ်တန့်စေပါတယ်။

ကိုယ်သောက်နေကျ ကော်ဖီအစား Green Tea ကို သောက်ပေးရင် ပိုကောင်းပါတယ်။ Green Tea က အူမကြီး၊ ဆီးအိမ်နဲ့ အစာအိမ် ကင်ဆာတို့ကို ကာကွယ်ပေးပါတယ်။

မုန်လာဥနီနဲ့ လိမ္မော်သီး

မုန်လာဥနီနဲ့ လိမ္မော်သီးတို့မှာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပါတယ်။ သူတို့မှာ Beta-Carotenes ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီလို Antioxidants ဓာတ်တွေက ကင်ဆာဖြစ်စေတဲ့ Free Radicals တွေကို သန့်စင်ပေးပါတယ်။ မုန်လာဥနီနဲ့ လိမ္မော်သီးတို့မှာ အဆုတ်ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။