ရေသောက်ခြင်းသည် သင့်အတွက် အလွန်ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပါ။ ရေနွေး သို့ ရေပူ သောက်ခြင်းက သင့်ခန္ဓာကိုယ်ကို ကျန်းမာ စေပြီး ရေဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ ရေအေး သောက်တာနဲ့ ယှဉ်ရင် ရေနွေးသောက်တာက အစာကြေဖို့နဲ့ ဝမ်းချုပ်တာကို သက်သာစေ ပြီး စိတ်အပန်းဖြေမှုကို ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ရေနွေးသောက်ခြင်းကနေ ရရှိမယ့် အကျိုးကျေးဇူးများကို ဖော်ြပပေးလိုက်ပါတယ်။

နှာခေါင်းပိတ်ခြင်းကို သက်သာစေပါတယ်

ရေနွေးခွက်ကို ကိုင်ပြီး ဒီအငွေ့ကို နက်ရှိုင်းစွာ ရှူသွင်းလိုက်တဲ့အခါ ပိတ်ဆို့နေတဲ့ နှပ်တွေကို ပြေလျော့ စေပြီး ခေါင်းကိုက် တာကိုလည်း သက်သာစေနိုင်ပါတယ်။ နှာခေါင်းနဲ့ လည်ချောင်းတစ်လျှောက် အကျိအချွဲအမြှေးပါးတွေရှိနေရင် ရေနွေး သောက်တာက နွေးထွေးစေပြီး ချွဲတွေ စုပုံလို့ နာနေတဲ့လည်ချောင်းကို သက်သာစေပါတယ်။

အစာချေဖျက်မှုကို ကူညီပေးပါတယ်

ရေနွေးသောက်တာက အစာချေဖျက်ရာမှာ အထောက်အကူဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ အညစ်အကြေး တွေကို ကောင်းမွန်စွာ ဖယ်ရှားပေးနိုင်ပါတယ်။ ရေနွေးဟာ သင်စားပြီးတဲ့ အစားအစာတွေကို အစာချေဖျက်ရာမှာ အဆင်မပြေဖြစ်နိုင်တဲ့ အစားအစာတွေကိုလည်း ချေဖျက်ပေးနိုင်ပါတယ်။

ဝမ်းချုပ်တာကို သက်သာစေပါတယ်

လူတော်တော်များများ အဖြစ်များကြတဲ့ ဝမ်းချုပ်တာရဲ့အကြောင်းအရင်းက ရေဓာတ်ခမ်းခြောက်တာ ကြောင့်ပါ။ ရေသောက်ခြင်းက ဝမ်းချုပ်ခြင်း ကို သက်သာစေဖိုနဲ့  ကာကွယ်နိုင်ဖို့ ထိရောက်တဲ့ နည်းလမ်း တစ်ခုပါ။ ရေဓာတ်ရှိ နေခြင်းက ဝမ်းကိုပျော့ပျောင်းစေတာကြောင့် ရေနွေးကို ပုံမှန် သောက်ပေးခြင်းက ဝမ်းကိုမှန်စေပါတယ်။

အအေးမိရင် တုန်တာကို လျော့ပါးစေပါတယ်

အအေးမိတဲ့အချိန် ခိုက်ခိုက်တုန်နေရင် နွေးနွေးလေးသောက်ပေးပါ။ ရေနွေးနွေးလေးသောက်ခြင်းက ရင်တုန်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ရေနွေးကို မြန်မြန်သောက်တာက ခန္ဓာကိုယ်အပူချိန်ကို ထိန်းထားဖို့ ကူညီပေးပါတယ်။

သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်

ရေနွေးနွေးလေးနဲ့ ရေချိုးခြင်းက သွေးကြောတွေနဲ့ သွေးပြန်ကြောတွေ လည်ပတ်မှုကိုကောင်းစေတာမို့ ညဘက်တွေမှာ  ရေနွေးသောက်တာ သို့မဟုတ် ရေနွေးနဲ့ရေချိုးတာတို့ရဲ့  နွေးထွေးမှုက သင့်ကို အနားယူဖို့နဲ့ ညဘက်တွေမှာ ကောင်းကောင်းအိပ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။