လူတစ်ယောက်ရဲ့ ကျန်းမာရေးက သူမှီဝဲတဲ့ အစာအာဟာရပေါ် မူတည်ပါတယ်။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ နို့၊ ဥ၊ သစ်ဥသစ်ဖု အစရှိတဲ့ အစာအာဟာရပေါင်းများစွာကို စနစ်တကျ လည်ပတ်စားသုံးတတ်မှ ကျန်းမာရေးအတွက် အထောက်အကူရစေတာပါ။ ဒါပေမယ့်လည်း လူတော်တော် များများက အသားငါးမပါ သတ်သတ်လွတ် စားသုံးခြင်းက အာဟာရမမျှတဘူးလို့ ထင်မြင်ယူဆလာကြတယ်။

တကယ်တမ်းဆို သတ်သတ်လွတ် စားခြင်းကလည်း ကျန်းမာရေးအတွက် အဖက်ဖက်က ထောက်ပံ့ပေးတယ်လို့ အခုဖော်ပြမယ့် အကြောင်းတရားတွေက သက်သေပြနေပါတယ်။

၁။ အသားအရေ ကြည်လင်ဝင်းပလာစေသည်။

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံစားပေးခြင်းဖြင့် ဗီတာမင်စီ ဓာတ်ပိုမိုရရှိစေတဲ့အတွက် အသားအရေကို ကြည်လင်စိုပြေစေပါတယ်။ ဒါကြောင့်မို့ ကျန်းမာရေးလိုက်စားသူတိုင်းရဲ့ အစားအသောက်စနစ်မှာ အသီးအနှံအများဆုံးပါဝင်ပါတယ်။

Image result for skin glow

၂။ ဆံပင်ကို နက်မှောင်တောက်ပစေသည်။

သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်၊ အစေ့အဆံ နဲ့ ပဲ ပါဝင်တဲ့ စားသောက်မှုစနစ်က လက်သည်းနဲ့ ဆံပင်ကို စိုပြည်ရွှန်းပမှုပေးစွမ်းနိုင်ပါတယ်။

Image result for shiny hair

၃။ ဇီဝကမ္မဖြစ်စဉ်ကို ပုံမှန်လည်ပတ်စေသည်။

ဇီဝကမ္မဖြစ်စဉ် ပုံမှန်လည်ပတ်နေခြင်းကလည်း ကျန်းမာတဲ့ဘ၀ အတွက် အရေးကြီးပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပေးခြင်း ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ စတဲ့ကျန်းမာတဲ့အစားအသောက် စားခြင်းဖြင့် ဇီဝဖြစ်စဉ်ကို ပုံမှန် လည်ပတ်စေပါတယ်။

၄။ အင်အားတိုးလာစေတယ်။

အသီးအနှံ ဟင်းသီးဟင်းရွက်များများစားလေ ရေဓာတ်ပိုပြီးရလေလေ ဖြစ်ပါတယ်။ ဒါကြောင့် အင်အားပိုတိုးလာစေတယ်။ ပဲတောင့်ရှည်၊ ကုလားပဲ၊ ပဲနီကလေး၊ အခွံမာသီးနဲ့ အစေ့အဆံတွေမှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်အပြင် အန္တရာယ်ကင်းတဲ့ အဆီဓာတ်ပါဝင်တဲ့ အတွက် သွေးချိုနှုန်းကို လည်းထိန်းညှိပေးပါတယ်။

၅။ အစာချေစနစ်ကို တိုးတက်စေသည်။

သတ်သတ်လွတ်စားခြင်း အားဖြင့် အစာခြေစနစ်ကို တိုးတက်စေတယ်ဆိုတာ မဆန်းပါဘူး။
ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို အစာချေတဲ့ အခါမှာ အသားလောက် မကျန့်ကြာပါဘူး။ ဝက်သားတောင် အစာချေဖျက်ဖို့ ၅နာရီလောက် အချိန်ယူရပါတယ်။ဒီ့အပြင် အသီးအရွက်စားခြင်းက နှလုံးရောဂါ ဖြစ်နှုန်းကိုလည်း လျော့ကျစေပါတယ်။

Image result for good digestion

သက်သက်လွတ်စားရင် အခုလို ကောင်းကျိုးတွေရှိပေမယ့် ရေရှည်စားသုံးလာရင် ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်လဲဆိုတာကို နောက်ဆောင်းပါးတစ်ပုဒ်မှာဖော်ပြပေးသွားမှာဖြစ်ပါတယ်။