မင်္ဂလာပါ ပျိုမေတို့ရေ… လူတစ်ယောက်ရဲ့နေ့စဉ်ဘဝတိုင်းမှာ စားသောက်ဖို့အတွက်ပြင်ဆင်နေကြပေမယ့် သိထားဖို့လိုတာတစ်ခုကတော့ လွဲမှားစွာလုပ်မိနေတဲ့ မှားယွင်းမှုတစ်ချို့တွေပါနော်။ မှားယွင်းမှုတွေက ဒီတိုင်းကြည့်ရင်တော့ ဘာမှမဖြစ်လောက်ဘူးလို့ ထင်ရပေမယ့် ကျန်းမာရေးကိုပါထိခိုက်မှုတွေထိ ဖြစ်လာစေနိုင်တာကြောင့် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ဖို့လိုအပ်လာပါပြီနော်။

နောက်ကျမှ အစားစားတတ်တဲ့အကျင့်ကလည်း ကောင်းတဲ့အချက်တော့မဟုတ်ပါဘူး။ အလုပ်တွေရှုပ်နေလို့ဆိုပြီး အစားစားတဲ့အချိန်တွေ နောက်ကျတတ်တာမျိုးတွေက ကိုယ်အလေးချိန်ကိုပိုပြီးတော့ တိုးစေနိုင်တာကြောင့် နေ့တိုင်းအတွက် ပုံမှန်ထမင်းစားချိန်လေးတော့ သတ်မှတ်ထားသင့်ပါပြီနော်။

နည်းနည်းချင်းစီးနဲ့ ခဏခဏစားတတ်တဲ့အကျင့်က သင့်ကိုဝိတ်ကျစေနိုင်ပါတယ်။ တကယ်လို့ ကိုယ်အလေးချိန်ကို လျော့ကျစေချင်နေတယ်ဆိုရင်တော့ အစားစားတဲ့အခါမှာ နည်းနည်းချင်းစီပဲ ခဏခဏစားပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကိုလျော့နည်းစေနိုင်ပါတယ်။

Microwaves တွေကိုအသုံးပြုတာက ကင်ဆာရောဂါကို ဖြစ်လာစေနိုင်ပါတယ်။ ချက်ပြီးသွားတဲ့ ဟင်းတွေကိုနွှေးပြီးတော့ စားဖို့အတွက် Microwaves တွေကိုအသုံးပြုလာကြပေမယ့် radiation တွေက အစားစာထဲကို ဝင်ရောက်သွားပြီး ကြာလာတဲ့အခါမှာ ကင်ဆာရောဂါတွေကို ဖြစ်လာစေနိုင်တာပဲဖြစ်ပါတယ်။

Photo Source: Pinterest