ဝိတ်ကျဖို့ကို ကြိုးစားချင်သူတိုင်း လေ့ကျင့်ခန်းလုပ်ပြီဆိုရင် တစ်ခုထဲလုပ်လို့မရဘူးဆိုတာကို မှတ်ထားဖို့လိုပါတယ်။ လေ့ကျင့်ခန်းတွေထဲမှာ ပြေးတဲ့လေ့ကျင့်ခန်းက ဘယ်နေရာမှာပဲဖြစ်ဖြစ် လုပ်လို့ရတယ်ဆိုပေမယ့် ဒီလိုလေ့ကျင့်ခန်းမျိုးထက်ပိုပြီးတော့ ကယ်လိုရီတွေကို လောင်ကျွမ်းစေမယ့် လေ့ကျင့်ခန်းမျိုးတွေလည်း ရှိပါသေးတယ်။ ခန္ဓာကိုယ်မှာရှိနေတဲ့ အဆီပိုတွေကိုအမြန်ဆုံးချေဖျက်ပေးနိုင်မယ့် လေ့ကျင့်ခန်းမျိုးတွေကတော့…

ကြိုးခုန်တဲ့လေ့ကျင့်ခန်းမျိုးကလည်း ခုန်ပေါက်နေရတာဖြစ်တဲ့အတွက်ကြောင့် ကယ်လိုရီတွေကိုပိုပြီးတော့ လောင်ကျွမ်းစေဖို့ ကူညီပေးနိုင်ပါတယ်။ ပြေးတဲ့လေ့ကျင့်ခန်းထက်ပိုပြီးတော့ ထိရောက်မှုရှိတဲ့အပြင် ခန္ဓာကိုယ်အလှကိုလည်း ပိုပြီးတော့ပေါ်လွင်စေမယ့် လေ့ကျင့်ခန်းမျိုးပဲဖြစ်ပါတယ်။

စက်ဘီးစီးတဲ့လေ့ကျင့်ခန်းဆိုရင်လည်း ပြေးတာထက်ပိုပြီးတော့ ထိရောက်မှုရှိတယ်လို့ဆိုလို့ရပါတယ်။ စက်ဘီးကိုမြန်မြန်နင်းလေ နှလုံးခုန်နှုန်းက ပိုမြန်လေဖြစ်တာကြောင့် နှလုံးအားကိုလည်းကောင်းလာဖို့ ကူညီပေးနိုင်ပါတယ်။ ကယ်လိုရီလည်း အများကြီးလောင်ကျွမ်းစေတာကိုတော့ မေ့ထားလို့မဖြစ်ဘူးနော်။

ကခုန်တာကလည်း ကယ်လိုရီတွေကို လျှင်မြန်စွာလောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ မြူးကြွတဲ့သီချင်းတစ်ပုဒ်ကို ဖွင့်ပြီး ကခုန်နေလိုက်တာကလည်း ခန္ဓာကိုယ်လှုပ်ရှားမှုတွေကြောင့် ဝိတ်ကျစေဖို့အထောက်အကူပြုနေပါတယ်။

လှေကားတက်တဲ့လေ့ကျင့်ခန်းမျိုးက ပြေးတဲ့လေ့ကျင့်ခန်းထက်ပိုပြီးတော့ အားစိုက်ရတာဖြစ်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်မှာရှိနေတဲ့ အဆီပိုတွေကို ပိုပြီးတော့ လောင်ကျွမ်းစေဖို့အလားအလာများစေတဲ့ လေ့ကျင့်ခန်းမျိုးပဲဖြစ်ပါတယ်။

Photo Source: Unsplash