လေ့ကျင့်ခန်းလုပ်နေရင်းနဲ့ ကိုယ်အလေးချိန် အနည်းငယ်ဘဲ ကျတာခံစားဖူးမှာပါ။ ဒါပေမယ့် ဟော်မှုန်းပြောင်းလဲမှုတွေ၊ စိတ်ဖိစီးမှု၊ ရေဓာတ်ခမ်းခြောက်ခြင်း စတာတွေကြောင့် ကိုယ်အလေးချိန် ရုတ်တရပ်မြင့်တက်တာတွေဖြစ်နိုင်ပါတယ်။ တခါတလေ တခြား နေရာမှာမဝပေမယ့် ခါးပတ်လည်အဆီတွေများနေတာ၊ ဗိုက်ပူနေတာတွေဖြစ်တတ်ပါတယ်။

အဲ့ဒီ ခါးပတ်လည်က အဆီတွေ၊ ဗိုက်ပူနေတာတွေက တကယ်တမ်း လေ့ကျင့်ခန်းလုပ်ပြီး ချရခက်ပါတယ်။

နံနံပင်ရဲ့ အကျိုးကျေးဇူး

နံနံပင်က အသည်းနဲ့ကျောက်ကပ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

အဲ့ဒီအပြင် ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ အများအားဖြင့် အဆိပ်အတောက်တွေက အဆီထဲမှာဘဲ သိမ်းဆည်းကြတာများပြီး နံနံပင်စားတာများရင် အဆိပ်အတောက်တွကို ဖယ်ရှားနိုင်တာကြောင့် အဆီတွေလည်း ကျစေပါတယ်။

နံနံပင်မှာ Antioxidants ဓာတ်တွေဖြစ်တဲ့ Luteonlin ဓာတ်နဲ့ Apigenin ဓာတ်တို့ပါဝင်တဲ့အပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် A နဲ့ C ဓာတ်တို့ပါဝင်ပါတယ်။ အဲ့ဒီအပြင် အသည်းရောဂါကို ကာကွယ်ပေးပါတယ်။

တခြား ကျန်းမာရေးအကျိုးကျေးဇူးများမှာ အာရုံကြောအတွက် ကောင်းမွန်၊ အကြိတ်တွေကို ကာကွယ်ပေး၊ ရောင်ရမ်းတာတွေ လျော့ချ၊ အဆစ်အမြစ်နာတာတွေ သက်သာ၊ ကြွက်သားနာတာတွေ သက်သာ၊ ကျောက်ကပ် ကျောက်တည်တာတွေကို ကာကွယ်ပေးတာစသဖြင့် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

ခါးပတ်လည်က အဆီတွေ ကျစေဖို့

ပါဝင်ပစ္စည်းများ

  • ရေ တစ်ခွက်ရဲ့ ၃ ပုံ ၁ပုံ
  • ဂျင်း လက်တစ်ဒစ်
  • သခွားသီး ၁လုံး
  • နံနံပင် တစ်စည်း
  • သံပုရာသီး ၁ခြမ်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကို ဆေးလိုက်ပါ။ နံနံပင်တွေကို ပါးပါးလှီးပြီး စားပွဲတင်ဇွန်း ၁ဇွန်း လောက်ရအောင်လှီးပါ။ ပိုတဲ့ဟာကို သိမ်းထားပါ။

သခွားသီးကို ပါးပါးလှီးပြီး ပါဝင်ပစ္စည်းတွေ အားလုံးကို မွှေစက်ထဲထည့်မွှေပါ။ လုံးဝကြေမွှသွားတဲ့အထိ မွှေပါ။

ပြီးရင် ပျားရည်ထည့်ပြီး သောက်လို့ရပါပြီ။ ပျားရည်က အရသာ ကောင်းချင်လို့ထည့်တာဖြစ်တာကြောင့် မထည့်လည်းရပါတယ်။