သွိုင်းရွိက် ဂလန်းစ် (Thyroid Gland)က ဟော်မှုန်းတွေကို ထုတ်လုပ်ပြီး ခန္ဓာကိုယ်အတွင်း ဇီဝကမ္မဖြစ်စဉ်တွေ၊ ခန္ဓာကိုယ်အပူချိန်တွေ စတာတွေကို ထိန်းညှိပေးပါတယ်။ ဒါပေမယ့် သွိုင်းရွိုက် ကလန်းစ် (Thyroid Gland) ချို့ယွင်းမှုရှိလာရင်တော့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ အသည်း၊ အူလမ်းကြောင်း၊ ကျောက်ကပ်၊ မျိုးပွားစနစ်၊ နှလုံးနဲ့ ဦးနှောက်တို့ကို ထိခိုက်နိုင်ပါတယ်။

သွိုင်းရွက် သို့ လည်ပင်းကြီးရောဂါဖြစ်မဖြစ်ကို သွေးစစ်ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ T3,T4, TSH ကို စစ်ဆေးကြည့်ရမှာဖြစ်ပြီး ပုံမှန်ထက် ပိုများနေရင် Hyperthyroidism ဖြစ်နိုင်ပြီး ပုံမှန်ထက်ပိုနည်းနေရင် Hypothyroidism ဖြစ်နိုင်ပါတယ်။

အလွန်အမင်းပင်ပန်းခြင်းနဲ့ စိတ်တိုလွယ်ခြင်း

လည်ပင်းကြီးရောဂါ သို့ သွိုင်းရွိုက် (Thyroid) ဖြစ်ပွားနေရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအင်တွေကို လျော့ပါးစေပြီး စိတ်ခံစားချက်ကိုလည်း ထိခိုက်မှုရှိပါတယ်။ Hypothyroidism က အလွန်အမင်း ပင်ပန်းတာနဲ့ အားအင်တွေကို ကုန်ခမ်းစေပြီး Hyperthyroidism က စိတ်တိုလွယ်တာတို့ ဖြစ်တတ်ပါတယ်။

နှလုံးခုန်နှုန်း ပြောင်းလဲနေ

သာမန် လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၆၀ ကနေ ၁၀၀ ကြားဖြစ်ပါတယ်။ သွိုင်းရွိုက်ကြောင့် ဟော်မှုန်းပြောင်းလဲမှုတွေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းအားလုံးကို ထိခိုက်နိုင်ပြီး နှလုံးခုန်နှုန်းကိုလည်း ပြောင်းလဲနိုင်ပါတယ်။ သွိုင်းရွိုက်ကြောင့် နှလုံးခုန်နှုန်းက သာမန်ထက်မြန်တာ၊ နှေးတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

တစ်ပတ်အတွင်း ၂၂ ပေါင်ကျ

ရုတ်တရက် ကိုယ်အလေးချိန်ပြောင်းလဲမှုက သွိုင်းရွိုက် (Thyroid) ရဲ့ လက္ခဏာတစ်ချက်ပါဘဲ။ ခံစားနေရတဲ့ သွိုင်းရွိုက်အမျိုးအစားပေါ်မူတည်ပြီး ကိုယ်အလေးချိန် ရုတ်တရပ် တက်တာတွေ ကျတာတွေ ဖြစ်ပေါ်စေပါတယ်။

အသားအရေတွေ ခြောက်ပြီး ခြေသည်းတွေ အလွယ်တကူ ကျိုးပဲ့

ခြေသည်းတွေက သာမန်ထက်ပိုပြီး ကျိုးပဲ့လွယ်ကာ အသားအရည်တွေ ခြောက်နေတယ်ဆိုရင် သတိထားသင့်နေပါပြီ။

ခန္ဓာကိုယ်ရဲ့ အပူချိန် က ပုံမှန်မရှိတော့

သွိုင်းရွိုက်က ခန္ဓာကိုယ်ရဲ့ အပူချိန် ထိန်းနိုင်ဖို့ ခက်ခဲအောင် ပြုလုပ်ပါတယ်။ အရမ်းချမ်းနေတာတို့၊ ချွေးထွက်ပြီး အရမ်းပူနေတာတို့ ဖြစ်တတ်ပါတယ်။

လည်ပင်းကြီးလာခြင်း

လည်ပင်းအနားတစ်ဝိုက်မှာ ကြီးလာတာဟာလည်း သွိုင်းရွိုက် (Thyroid) သို့ လည်ပင်းကြီး ရောဂါရဲ့ လက္ခဏာပါ။ ဒီလို လက္ခဏာမျိုးရှိလာရင်တော့ သတိထားသင့်ပါတယ်။

ကြွက်သားတွေ နာကျင်လာ

Hypothyroidism ကြောင့် ခန္ဓာကိုယ်အနှံ့ ကြွက်သားတွေ နာကျင်လာပါတယ်။ အများအားဖြင့် ဒီလိုလက္ခဏာတွေက ကြွက်သားတွေ ယောင်တာတွေနဲ့ သွိုင်းရွိုက် gland ကြီးလာပြီး အာရုံကြောတွေကို သွားထိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။