အမေရိကန်ပြည်ထောင်စုမှာ ပြည်သူ ၁ သန်းကျော်က နှစ်စဉ် နှလုံးရုတ်တရပ် ရပ်တန့်ခြင်း (Heart Attack) ကို ခံစားနေရပါတယ်။

လူသိများတဲ့ နှလုံးရုတ်တရက် ရပ်ခြင်း (Heart Attack) က ရင်ဘတ်နာတာ၊ အောင့်တာ၊ ချွေးပြန်တာ၊ အလွန်အမင်းအားနည်းတာတို့ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေ သတိမထားမိတဲ့ တခြားသော လက္ခဏာတွေလည်း ရှိပါတယ်။

အလွန်အမင်းပင်ပန်းခြင်း

01-7-signs-heart-attack-fatigue

နှလုံးရုတ်တရပ် မရပ်တန့်ခင် ဖြစ်လေ့ရှိတာက အလွန်အမင်း ပင်ပန်းခြင်းဘဲဖြစ်ပါတယ်။ နေ့စဉ် လုပ်နေကျ အလုပ်တွေကို မလုပ်နိုင်လောက်အောင် ပင်ပန်းနွမ်းနယ်နေကြပါတယ်။ နှလုံးရုတ်တရပ် မရပ်တန့်ခင်မှာ နှလုံးကို သွားတဲ့ သွေးတွေ လျော့နည်းပြီး ကြွက်သားဆီကို ဖိအားတွေ ပိုရောက်တာကြောင့် အရမ်းပင်ပန်းသလို ခံစားရပါတယ်။

နောက်ကျော၊ လက်မောင်းနဲ့ရင်ဘတ်တွေ နာကျင်ခြင်း

02-7-signs-heart-attack-back-pain

နောက်ကျော၊ လက်မောင်းနဲ့ရင်ဘတ်တွေ နာကျင်နေပြီဆိုရင် Heart Attack ရဲ့ လက္ခဏာပါဘဲ။ ကြွက်သားတွေကိုပို့တဲ့ အောက်စီဂျင်ပါတဲ့ သွေးလွှတ်ကြောက မသွားနိုင်တော့အချိန်မှာ နှလုံးကြွက်သားတွေက အောက်စီဂျင် မလုံလောက်တော့ပါဘူး။ ဒါကြောင့် နာကျင်တဲ့ လက္ခဏာကို အာရုံကြောစနစ်က လွှတ်ပေးပြီး သတိပေးပါတယ်။ အာရုံကြောစနစ်တွေ ရှုပ်ထွေးကုန်တာကြောင့် မေးရိုး၊ ပခုံး၊ တံထောင်၊ လည်ပင်း၊ နောက်ကျောက နာတာလိုလို ခံစားရပါတယ်။ ဒါကြောင့် နာတဲ့နေရာအသစ် တိုးလာရင် သတိထားသင့်ပါတယ်။

အသက်ရှူမဝခြင်း

04-lung-cancer-signs-shortness-of-breath

အခုနောက်ပိုင်း လမ်းနည်းနည်းလျှောက်တာနဲ့မောတာ၊ အသက်ရှူမဝတာ၊ အိပ်ယာထတာနဲ့မောတာ၊ အသက်ရှူမဝတာဆိုရင် သတိထားသင့်ပါတယ်။ နှလုံးက ခန္ဓာကိုယ်အစိတ်အပိုင်းကို အောက်စီဂျင်ပို့ဆောင်ပြီး တစ်ရှူးတွေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ဖယ်ရှားတဲ့ လုပ်ငန်းစဉ်မှာ အဓိကကျပါတယ်။ ဒါကြောင့်နှလုံးကို ပို့ဆောင်တဲ့ သွေးကြောတွေ ပိတ်နေရင် အသက်ရှူတဲ့လုပ်ငန်းစဉ်ကိုပါ ထိခိုက်ပါတယ်။

အစာအိမ်ဆိုင်ရာ လက္ခဏာ

05-7-signs-heart-attack-upset-stomach

Heart Attack လက္ခဏာက တခါတလေကျရင် မူးဝေ၊ အော့အန် တာမျိုးနဲ့လည်း ပြတတ်ပါတယ်။

လည်ချောင်း၊ လည်ပင်းနဲ့ မေးရိုး

06-7-signs-heart-attack-neck-pain

Heart Attack ဖြစ်ခါနီးမှာ လည်ချောင်း၊ လည်ပင်းနဲ့ မေးရိုးတွေ နာကျင်ပြီး သိပ်နေလို့မကောင်းတတ်ပါဘူး။ ဆီးချို ရှိထားတဲ့ လူတွေအနေနဲ့ လည်ချောင်း၊လည်ပင်းနဲ့ မေးရိုးတွေ နာကျင်နေရင် သတိထားသင့်ပါတယ်။